DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် နာမည်ကြီးပျူခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး
DVB
·
January 10, 2025
စစ်ကိုင်းတွင် နာမည်ကြီးပျူခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ နာမည်ကြီးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ကျော်မျိုးထွန်း (ခေါ်) ရွှေကျားနဲ့ အဖွဲ့ဝင်တွေကို ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပျူစောထီးခေါင်းဆောင် အပါအဝင် ၇ ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပျူစောထီးတွေ လိုက်ပါလာတဲ့ အိမ်စီးကားတွေကို မင်းကွန်း-စစ်ကိုင်း လမ်းပိုင်းပေါ် လက်ပံရွာအထွက်နားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ကျော်မျိုးထွန်း (ခေါ်) ရွှေကျားနဲ့ သူ့ရဲ့ဇနီး အပါအဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ People Servant Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကိုင်းမြို့ပေါ်က မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်း ဖြစ်ပြီးတော့ နာမည်ကြီးနေတဲ့ ကျော်မျိုးထွန်း (ခေါ်) ရွှေကျားနဲ့အဖွဲ့က မင်းကွန်းဘက်ကို ရိက္ခာပို့ပြီး ကားတွေနဲ့ ပြန်လာကြတယ်ဆိုတာ သတင်းရလို့ စောင့်ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လက်ပံရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နန်းဝင်းသန့် ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။”

တိုက်ခိုက်မှုအတွင်းကနေ BA63 အမျိုးအစား G3 ရိုင်ဖယ်သေနတ် ၆ လက်၊ ကျည်ဘောက် ၇ ဘောက်၊ 7.62 ကျည် ၃၂၇ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ စစ်ပစ္စည်း ၄ ခုနဲ့ ရဲဦးထုပ် ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

People Servant Force တာဝန်ခံ ကိုနက်ရှိုင်းက “ရွှေကျားက စစ်ကိုင်းမြို့ပေါ်မှာ နာမည်ကြီးသူတယောက်ဖြစ်တယ်။ ဘယ်လိုနာမည်ကြီးတာလဲဆိုတော့ သူက ပြည်သူတွေကို လက်နက်ပြပြီး ဗိုလ်ကျတယ်။ ပြည်သူတွေဆီကနေ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီးလည်း ငွေကြေးအမြောက်အမြား တောင်းယူတာတွေရှိတယ်။ စစ်ကိုင်း တပ်မ ၃၃ ထဲအထိ ပေါက်ရောက်တဲ့သူ တယောက်လည်း ဖြစ်တယ်။ သူ့ကြောင့် ပြည်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြရတာ” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မော်တော်ယာဥ်တွေပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ လိုက်ပါလာကြသလို အဆိုပါကားတွေပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ကားပေါ်မှာပါလာတဲ့ ကလေးငယ် ၂ ယောက်လည်း ကျည်ရှပ်ထိခဲ့တာကြောင့် ကလေးငယ်တွေကို စောင့်ရှောက်ဖို့ စစ်ကောင်စီလက်အောက်ခံ တယောက်ကိုလည်း ကလေးငယ်တွေနဲ့အတူ ပြန်လွှတ်ပေးလိုက်တယ်လို့ People Servant Force တပ်ဖွဲ့က ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို People Servant Force (P.S.F) နဲ့အတူ Road to Mandalay က အဖွဲ့သားတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၈ ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ပံကျေးရွာကို မီးရှို့ဖို့ ကြိမ်းဝါးနေတဲ့အတွက် ရွာခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013