DVB Logo
Home
မြန်မာသတင်း
ဒဏ်ရာစစ်သားများ ဆေးကုသရန် ပုသိမ်နှင့် ရေကြည်ဆေးရုံမှ အရပ်သားလူနာများကို အတင်းဆင်းခိုင်း
DVB
·
January 9, 2025
ဒဏ်ရာစစ်သားများ ဆေးကုသရန် ပုသိမ်နှင့် ရေကြည်ဆေးရုံမှ အရပ်သားလူနာများကို အတင်းဆင်းခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်နဲ့ ပုသိမ်ဆေးရုံတွေမှာ ဆေးကု သမှုခံယူနေတဲ့ အရပ်သား လူနာတွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဆေးရုံကနေ အတင်းဆင်းခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ပထမ အပတ်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဒဏ်ရာရရှိတဲ့ စစ်သားတွေ ဆေးကုသဖို့အတွက်ဆိုပြီ အရပ်သားလူနာတွေကို ဆေးရုံကနေ ဖိအားပေး အတင်းဆင်းခိုင်းနေတာလို့ ဆိုပါတယ်။

ဆေးရုံနဲ့နီးစပ်သူတယောက်က“ရခိုင်ဘက်က ဒဏ်ရာရစစ်သားတွေကို ဆေးကုသဖို့ဆိုပြီး အရပ်သား လူနားတွေကို ဆေးရုံအားချင်း ဆင်းခိုင်းနေတာ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်ကနေလာပြကြပေါ့၊ အရေးပေါ်လူနာတွေ ကုသဖို့ရှိတယ်ဆိုပြီး ဆင်းခိုင်းတာ။ ပျော်လို့လာနေတာမှမဟုတ်တာ တော်တော်ရက်စက်တဲ့ဟာတွေ” လို့ ပြောပါတယ်။

ရေကြည်နဲ့ ပုသိမ်ဆေးရုံမှာ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသဖို့ အခုလို စီစဉ်နေတာဖြစ်ပြီး ရပ်ဝေး အရပ်သား လူနာတွေအဖို့ ပိုမိုအခက် ကြုံနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက“တပ်အတွင်း ဆေးရုံတွေ မလောက်ငလို့ အခုလိုလုပ်တာ။ ရေကြည်ပြည်သူ့ဆေးရုံမှာ တက်ရမယ့် စစ်သားတွေ ပိုများတယ်။ စစ်ကားတွေနဲ့သယ်လာတာတွေ့ရတယ်။ ရခိုင်ပြည် ဂွတိုက်ပွဲမှာ တပ်ဘက်က ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတွေ ပိုများခဲ့တယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်သားတွေထဲမှာ ခြေပြတ် လက်ပြတ်တွေပါဝင်ပြီး ရှေ့တန်းမထွက်ရဘူးဆိုပြီး စုဆောင်းခဲ့တဲ့ ဧရာဝတီတိုင်းထဲက စစ်မှုထမ်းတပ် သားသစ်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013