DVB Logo
Home
နိုင်ငံတကာ
လော့အိန်ဂျလိစ်တောမီးကြောင့် ဆယ်လီများ ထွက်ပြေး၊ ဟောလိဒ်ဝုဒ်ပွဲများ ရွှေ့ဆိုင်း
DVB
·
January 9, 2025
လော့အိန်ဂျလိစ်တောမီးကြောင့် ဆယ်လီများ ထွက်ပြေး၊ ဟောလိဒ်ဝုဒ်ပွဲများ ရွှေ့ဆိုင်း
Donate to DVB

တောမီးလောင်ကျွမ်းမှုကြောင့် ဟောလိဝုဒ်ပွဲတွေ ရွှေ့ဆိုင်းထားရသလို ဆယ်လီတွေလည်း အိမ်တွေစွန့်ပြီး ထွက်ပြေးနေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

လော့အိန်ဂျလိစ် တောမီးကြောင့် ဟောလိဝုဒ် မင်းသမီးကြီး ဂျာမီလီကာတစ်၊ မန်ဒီမိုး၊ အာနိုးရဲ့ ဇနီးဟောင်း မာရီရာ ရှာရီဗာတို့လည်း ထွက်ပြေးရတဲ့ ဆယ်လီတွေထဲမှာ ပါဝင်ပါတယ်။ ပစိဖစ်ပါလီဆာဒတ်စ်မှာ ဧက ၁၂,၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ကမ်းခြေမြို့ဖြစ်တဲ့ ဆန်တာမိုနီကာနဲ့ မာလီဘူးတို့မှာ ရုပ်ရုင်၊ တီဗွီ၊ သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေ အများစု နေထိုင်ကြတာဖြစ်ပါတယ်။

“အရာအားလုံး ပျက်စီးကုန်ပါပြီ။ ကျမတို့ရဲ့ အိမ်နီးချင်းတွေ၊ ကျမတို့ရဲ့ စားသောက်ဆိုင်တွေ အကုန်လုံး မီးထဲပါသွားပြီ။ မီးသတ်သမားတွေ အကောင်းဆုံးကြိုးစားပေမဲ့ မီးအရမ်းကြီးလို့ ထိန်းလို့မရပါဘူး” လို့ မာရီရာရှာရီဗာက ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။

တောမီးကြောင့် နှစ်ပတ်လည်ဆုပေးပွဲ အပါအဝင် ဟောလိဝုဒ်မှာ ကျင်းပလေ့ရှိတဲ့ ပွဲတွေလည်း အကုန်ရွှေ့ဆိုင်းခဲ့ရပါတယ်။

ပစိဖစ်ပါလီဆာဒတ်စ်မှာရှိတဲ့ အိမ်ကနေ ထွက်ပြေးခဲ့ရတယ်လို့လည်း ဟောလိဝုဒ်သရုပ်ဆောင် ဂျိမ်းဝုဒ်က “ကျနော်တို့အိမ်နားက အိမ်တွေအားလုံး မီးထဲပါသွားပြီ” လို့ ပြောထားပါတယ်။

တောမီးကြောင့် ဟောလိဒ်ဝုဒ်ရဲ့ နှစ်ပတ်လည်ဆုပေးမှု အပါအဝင် ကျင်းပလေ့ရှိတဲ့ ပွဲတွေအားလုံး ပျက်စီးခဲ့ရပါတယ်။

ဒီတပတ်မှာ ရုပ်သံထုတ်လွှင့်မှု ဆုပေးပွဲဖြစ်တဲ့ Critics Choice Awards ကို ၂ ပတ် နောက်ဆုတ်မှာနဲ့ လာမယ့်အပတ်မှာ ကြေညာမယ့် အော်စကာ ဆန်ကာတင်စာရင်း ကြေညာမှုကို ၂ ရက် နောက်ဆုတ်ခဲ့ရကြောင်း စီစဉ်သူတွေက ပြောပါတယ်။

ပစိဖစ်ပါလီဆာဒတ်စဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ ဆန်တာမိုနီကာတောင်တွေနဲ့ ထိစပ်နေတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ နာမည်ကျော် အနုပညာရှင် အများစု နေထိုင်ကြပြီး အိမ်တလုံးရဲ့ ပျမ်းမျှတန်ဖိုး ဒေါ်လာ ၄ ဒသမ ၅ သန်း ရှိပါတယ်။ လော့အိန်ဂျလိစ်မှာ အထင်ရှားဆုံး ပြတိုက်တခုဖြစ်တဲ့ Getty Villa လည်း ရှိပါတယ်။

လော့အိန်ဂျလိစ်တောမီးက ဟောလိဝုဒ်အထိ ပျံ့နှံ့ခဲ့တာကြောင့် လူပေါင်း ၁ သိန်းကျော် ဘေးလွတ်ရာ ရွှေ့ ပြောင်းခဲ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013