DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တွင် လေယာဉ်ကွင်းဆောက်နေသဖြင့် နေအိမ် ၂၀၀ ဝန်းကျင် အဓမ္မရွှေ့ပြောင်းခိုင်း
DVB
·
January 9, 2025
ကျုံပျော်တွင် လေယာဉ်ကွင်းဆောက်နေသဖြင့် နေအိမ် ၂၀၀ ဝန်းကျင် အဓမ္မရွှေ့ပြောင်းခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ မရမ်းရိုးကျေးရွာက အရပ်သားအိမ်ခြေ ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က လေယာဉ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး အားချင်းရွှေ့ပြောင်းခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၈ ရက်စတင်ပြီး လေယာဉ်ကွင်းတည်ဆောက်ဖို့အတွက်ဆိုကာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အရပ်သားတွေပိုင်တဲ့ မြေနေရာတွေပေါ်က အိမ်ခြေ ၂၀၀ ဝန်းကျင်ကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေတာလို့ ဆိုပါတယ်။

ဒေသခံ တယောက်က “လေယာဉ်ကွင်းက စဆောက်နေတာတွေ့ရတယ်။ ဆောက်နေတဲ့ နေရာက အိမ်ခြေ ၄၀ လောက်ကိုက ပြီးခဲ့တဲ့ ရက်ကတည်းက ရွှေ့ခိုင်းပြီး အားချင်းဆောက်နေတာ။ အခုက လေယာဉ်ကွင်းနဲ့ အနီးမှာ နေအိမ်ရှိလို့မရတာကြောင့်လို့ ပြောတာ။ ရွှေ့ပေးနေသူတွေများတယ်။ သူတို့လုပ်မယ့်ဟာတွေကို သိမှာစိုးတာကြောင့်လည်း ပါတာပေါ့” လို့ ပြောပါတယ်။

အဲ့ဒီ လေယာဉ်ကွင်း ဆောက်လုပ်နေတဲ့ နေရာဟာ ကျုံပျော်မြို့အခြေစိုက် အမှတ် ၃၆ ခြေလျင်တပ်ရင်းရဲ့ အနောက်ဘက်ဖြစ်ပြီး စစ်ရေးအတွက် အသေးစားလေ ယာဉ်ကွင်းကို အရေးပေါ်ဆောက်လုပ်တာလို့ ဆိုပါတယ်။

ကျုံပျော် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အဲ့ဒီ နေရာဝန်းကျင်မှာ အိမ်ခြေက ၃၀၀ ကျော်လောက် ရှိမယ်။ ၂၀၀ ဝန်း ကျင်ကို ရွှေ့ခိုင်းတာဟုတ်တယ်။ စစ်ရဟတ်ယာဉ်တွေ အဓိကဆင်းဖို့ အားချင်းဆောက်နေတာ။ ရွှေ့ရမယ့် အချိန်ကန့်သတ်ပေးတာတော့ မတွေ့ရသေးဘူး။ မရွှေ့ရင်တော့ တခုခုလုပ်မှာ သေချာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အဲ့ဒီဒေသရှိ အရပ်သားနေအိမ်တွေကို ပြောင်းရွှေ့ဖို့ ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက် ပြောင်းရွှေ့ခိုင်းတာဖြစ်ပြီး အစားထိုး မြေနေရာလည်း စီစဉ်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လက်ရှိ လေယာဉ်ကွင်းဆောက်ဖို့ ရွှေ့ပြောင်းခိုင်းတဲ့ နေအိမ် ၂၀၀ ဝန်းကျင်က ပိုင်ရှင်အရပ်သားတွေ အများစုဟာ ရခိုင်နဲ့ ကရင်တိုင်းရင်းသားတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013