DVB Logo
Home
နိုင်ငံတကာ
NATO အဖွဲ့ဝင်ဖြစ်မှသာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ဖြစ်ဟု ဖင်လန် ပြော
DVB
·
January 9, 2025
NATO အဖွဲ့ဝင်ဖြစ်မှသာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ဖြစ်ဟု ဖင်လန် ပြော
Donate to DVB

ယူကရိန်းအတွက် NATO အဖွဲ့ဝင် ဖြစ်မှုကသာလျှင် အနာဂတ်မှာ ရုရှားရဲ့ ရန်လိုမှုမှန်သမျှကို ဆန့်ကျင်နိုင်တဲ့ တခုတည်းသော ‘ယုံကြည်အားကိုးစရာ လုံခြုံရေးအာမခံချက် ဖြစ်တယ်’ လို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး အဲလိနာ ဗာလ်တိုနင်က ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။

ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ဗာလ်တိုနင်က “ရေရှည်မှာ တခုတည်းသော ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးအာမခံချက်က ဝါရှင်တန်စာချုပ်ရဲ့ အပိုဒ် ၅ ဖြစ်ပြီး အဲဒါကြောင့် NATO အဖွဲ့ဝင်ဖြစ်ရေးဟာ မရှိမဖြစ် လိုအပ်ပြီးတော့ ယူကရိန်းရဲ့ NATO အဖွဲ့ဝင်ဖြစ်မှုကိုလည်း ထပ်ဆင့်ပံ့ပိုးပေးနေပါတယ်” လို့ ကိယက်ဗ်မြို့ကို ရောက်ရှိနေတဲ့ ပြောသွားတာပါ။

ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံမှုအတွင်း ဗာလ်တိုနင်က ဖင်လန်နိုင်ငံဟာ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE ) ရဲ့ ဥက္ကဋ္ဌတာဝန် စတင်ယူပြီးနောက်မှာ ပထမဆုံး လာရောက်ခဲ့တဲ့ ယူကရိန်းခရီးစဉ်ဟာ ဖင်လန်နိုင်ငံရဲ့ ယူကရိန်းအပေါ် ရေရှည်ပံ့ပိုးကူညီမှုကို ထပ်မံအတည်ပြုလိုက်တာဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကို ကိုယ့်ဖာသာကိုယ် ဆက်လက်ခုခံကာကွယ်နေတဲ့ ယူကရိန်းအတွက် OSCE အဖွဲ့အစည်းရဲ့ ပံ့ပိုးကူညီမှုကို အားကောင်းခိုင်မာတဲ့ သဝဏ်လွှာအဖြစ်ပေးပို့ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ 

ဗာလ်တိုနင်ဟာ မနှစ်က ယူကရိန်းမြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ချိန်မှာ ရုရှားဒုံးကျည်မှ တိုက်ရိုက်ထိမှန်ခဲ့လို့ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တဲ့ ကိယက်ဗ်ရှိ နိုင်ငံရဲ့ အဓိက ကလေးဆေးရုံကြီး အော့ခ်မာဒစ်ထ်ကို သွားရောက်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ ဒေါ်နယ်ထရမ့်ပ် အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာခြင်းဟာ မော်စကိုရဲ့ ကျူးကျော်မှုကို အဆုံးသတ်နိုင်မယ့် သံတမန်ရေးရာ ဆုံးဖြတ်ချက်တရပ်ကို မျှော်လင့်ထားပေမဲ့ မြန်မြန်ဆန်ဆန် ငြိမ်းချမ်းရေးရစေဖို့ တန်ဖိုးကြီးကြီးမားမား ပေးရမှာကို ကိယက်ဗ်က စိုးရိမ်နေပါတယ်။

ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ဗာလ်တိုနင်ကလည်း ယူကရိန်းရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်တွေဟာ ထရမ့်ပ်အစိုးရအောက်မှာ အဆုံးသတ်သွားမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

ယူကရိန်းခေါင်းဆောင်တွေဟာ အဖွဲ့ဝင် ၃၂ ယောက်ပါ မဟာမိတ်အဖွဲ့ထဲကို ဖိတ်ကြားခံရဖို့ တော်တော်ကို တွန်းအားပေးနေခဲ့ပေမဲ့ အဓိကအဖွဲ့ဝင် အများအပြားဆီမှ တွန်းဖယ်မှုတွေကို ကြုံတွေ့နေရတာပါ။

စစ်ပွဲကလည်း ၃ နှစ်တာကာလထဲကို ရောက်လာနေပြီး ယူကရိန်းတပ်တွေဟာ ရုရှားတပ်တွေ ရှေ့ဆက်မတိုးနိုင်အောင် တောင့်ခံ ထိန်းထား ရုန်းကန်နေရပါတယ်။ 

ယူကရိန်းနိုင်ငံအတွက် အမေရိကန်အကူအညီကို ပြစ်တင်ဝေဖန်သူ ထရမ့်ပ်က ယူကရိန်းကို နေတိုးအဖွဲ့မှာ မပါဝင်စေသင့်ဘူးဆိုတဲ့ ရုရှားရဲ့ရပ်တည်ချက်ကို စာနာကြောင်း ဇန်နဝါရီ ၇ ရက် အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့လက်ထောက်တွေနဲ့ မဟာမိတ်တွေကလည်း ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်မှုဟာ မော်စကို ကို မလိုလားအပ်တဲ့ ရန်စမှုလို့ ရှုမြင်ကြတာပါ။

နေတိုးကို ကာလရှည်ကြာ ပြစ်တင်ဝေဖန်ခဲ့တဲ့ ထရမ့်ပ်ဟာ ဥရောပအဖွဲ့ဝင်တွေကို သူတို့နိုင်ငံ GDP ရဲ့ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ဖို့ အင်္ဂါနေ့က တောင်းဆိုခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ နှုတ်ထွက်စကားဟာ စုပေါင်းကာကွယ်ရေးကို အားကောင်းစေမယ့် ဥရောပ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း ဗာလ်တိုနင်က ပြောကြားခဲ့ပြီး ဖင်လန်ဟာ "အဲဒီကိစ္စမှာတော့ ထရမ့်ပ်နဲ့ တသဘောတည်းဖြစ်တယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013