DVB Logo
Home
နိုင်ငံတကာ
ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ရုရှားသတင်းထောက်ကို ယူကရိန်းတွင် မြှုပ်နှံ
DVB
·
January 9, 2025
ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ရုရှားသတင်းထောက်ကို ယူကရိန်းတွင် မြှုပ်နှံ
Donate to DVB

ရုရှားသတင်းထောက် အလက်ဇန်းဒါး မာတီမြာနော့ဗ်ရဲ့  ရုပ်အလောင်းကို ရုရှားသိမ်းပိုက်ထားတဲ့ ဒန်ညက်စ်ဒေသက သူရဲကောင်းတို့ရဲ့ ဥယျာဉ်လမ်းကြားလို့ နာမည်ပေးထားတဲ့ သင်္ချိုင်းမြေမှာ ဇန်နဝါရီ ၈ ရက်က မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ပါတယ်။

ရုရှားမီဒီယာအဖွဲ့ အိုက်ဇ်ဗီးစ်ရှာမှာ အလုပ်လုပ်နေတဲ့ မာတီမြာနော့ဗ်ဟာ ဟော်လစ်ဗ်ကာ မြို့ကနေ ဒန်ညက်စ်ဒေသကို ကားနဲ့သွားရင်း အဝေးပြေးလမ်းမပေါ်မှာ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တာပါ။

ယူကရိန်းစစ်တပ်က ဒန်ညက်စ်ဒေသနားမှာ အိုက်ဇ်ဗီးစ်ရှာရဲ့ အလွတ်သတင်းထောက် အလက်ဇန်းဒါး မာတီမြာနော့ဗ် လိုက်ပါလာတဲ့ အရပ်သားကားကို ဒရုန်းနဲ့ တိုက်ခိုက်လို့ သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၄ ရက်မှာ အိုက်ဇ်ဗီးစ်ရှာ သတင်းဌာနက သတင်းထုတ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဒီသတင်းကို သူ့၀ဘ်ဆိုက်မှာ ရေးသားဖော်ပြခဲ့ပြီး ဒီဖြစ်ရပ်ကို တမင်သက်သက် လူသတ်မှုလို့ ပြောဆို ရှုတ်ချခဲ့ပါတယ်။

ယူကရိန်း သမ္မတဇလန်းစကီး အစိုးရရဲ့ သွေးထွက်သံယို ရက်စက်ကြမ်းကြုတ်မှုတွေထဲက တခြားသော ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှု အဖြစ် ဖော်ပြခဲ့ပြီး အယူဝါဒဆိုင်ရာ ဆန့်ကျင်ဘက်တွေကို ချေမှုန်းဖို့ အကြမ်းဖက်နည်းလမ်းတွေကို ပြောင်ပြောင်တင်းတင်း အသုံးချတယ်လို့ ဖော်ပြခဲ့ပါတယ်။

မာတီမြာနော့ဗ်နဲ့အတူ ခရီးသွားနေတဲ့ သတင်းထောက် ၂ ယောက်လည်း ဒဏ်ရာရခဲ့ပြီး ဒန်ညက်စ်မှာ ဒေသဆိုင်ရာ ထုတ်ဝေမှုတခုအတွက် လုပ်ဆောင်နေတဲ့ သတင်းထောက် ၂ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ရုရှားနိုင်ငံ RIA သတင်းဌာနက ထုတ်ပြန်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013