DVB Logo
Home
နိုင်ငံတကာ
ကျူးဘား၌ နိုင်ငံတကာအကပွဲတော် စတင်
DVB
·
January 9, 2025
ကျူးဘား၌ နိုင်ငံတကာအကပွဲတော် စတင်
Donate to DVB

အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားကျွန်းနိုင်ငံတို့က အကကုမ္ပဏီတွေဟာ နယ်စည်းမခြား ဘဲလေးအက (BBB) ရဲ့ ​​ဒုတိယမြောက် ပွဲတော်ဗားရှင်းကို ဇန်နဝါရီ ၇ ရက်က ဟာဗားနားမှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပမယ့် ကျွန်းပေါ်က ဒီပွဲမှာ အကျော်ကြားဆုံး အကကုမ္ပဏီ ဖြစ်တဲ့ လစ်ဇ်တ်အယ်လ်ဖွန်ဆို အကကျူးဘားအဖွဲ့နဲ့ အမေရိကန်ပြည်ထောင်စုက ရော့ကီးမောင်တင်န် ဘဲလေး ပြဇာတ်ရုံတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်ပါတယ်။

ဒါဟာ သမ္မတ ဘိုင်ဒင် အစိုးရသက်တမ်း အဆုံးသတ်ခါနီး အချိန်မှာ အကန့်အသတ်ရှိတဲ့ ယဉ်ကျေးမှုဖလှယ်ခြင်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ကျူးဘား၊ ဘရာဇီး၊ အမေရိကန်၊ အီတလီ၊ ပနားမား၊ မက္ကဆီကိုနဲ့ ရိုမေးနီးယားနိုင်ငံတို့မှ အနုပညာရှင်တွေဟာ နိုင်ငံတကာအကတွေကို ပေါင်းစပ်ကပြမှုကို တင်ဆက်မယ့် ဖွင့်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေကြပါတယ်။

မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနားတို့နဲ့ တွဲလုပ်ခဲ့တဲ့အတွက် နာမည်ကျော်ကြားတဲ့ အမေရိကန် ကကွက်ပညာရှင် ဗင်းဆင့်ထ် ပီတာဆန်က ကျူးဘားအကသမားတွေအတွက် ကမ္ဘာကျော်လက်ရာ “Thriller” ဆိုတဲ့ သည်းထိတ်ရင်ဖို ကကွက်ဆန်းကို ပြန်လည်ဖန်တီးပေးထားပါတယ်။

အကဟာ ကမ္ဘာသုံးဘာသာစကားတခုဖြစ်ပြီး နိုင်ငံတွေကြားမှာ ပေါင်းကူးမယ့် တံတားတွေကို ဖန်တီးပေးတယ်လို့ ပီတာဆန်က ပြောပါတယ်။

အမေရိကန် ကကွက်ပညာရှင် ရှာလင်းန်ကယ်ရေ တည်ထောင်ထားတဲ့ နယ်စည်းမခြား ဘဲလေးအက (BBB) အစီအစဉ်ဟာ ကမ္ဘာတဝန်းရှိ အကသမားတွေကို စုစည်းဖို့ ရည်ရွယ်ပြီး အမျိုးမျိုးအစုံစုံ ပြိုင်ပွဲတွေ၊ ညီလာခံတွေနဲ့ ဖျော်ဖြေပွဲတွေအတွက် ပလက်ဖောင်းတခုကို စီစဉ်ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013