DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် သတ်မှတ်ချက်အတိုင်း မီးမရသည့်အပြင် မီးအားပါ လျော့နည်းနေ
DVB
·
January 9, 2025
ရန်ကုန်တွင် သတ်မှတ်ချက်အတိုင်း မီးမရသည့်အပြင် မီးအားပါ လျော့နည်းနေ
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ဖြန့်ချိတဲ့ သတ်မှတ်ချက်အတိုင်း လျှပ်စစ်မီး မရတဲ့အပြင် မီးအားပါ လျော့နည်းလာနေတာကြောင့် မီးအားမြှင့်စက်တွေ ပြန်သုံးနေရပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၅ ရက်ကစပြီး တနေ့ ၁၆ နာရီ မီးဖြတ်ကာ အုပ်စု ၃ ခုကို အလှည့်ကျ ၄ နာရီ ၂ ကြိမ် မီးပေးမယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ လျှပ်စစ်မီးပေးပြီး နာရီဝက်ကျော်နဲ့ မီးမပြတ်ခင် နာရီဝက်လောက်သာ ဟန်ပြလာနေတယ်လို့ မရမ်းကုန်းမြို့ခံတယောက်က ပြောပါတယ်။

“နေ့လယ် ၁ နာရီပေးမယ့် မီးက ၁ နာရီခွဲကျော်လောက်ဆို ပြန်ပြတ်သွားတယ်။ ညနေ ၄ နာရီမခွဲခင်လောက် ပြန်ရတယ်။ တကယ်က ဆက်တိုက် ၄ နာရီရရမှာ။ ဒါဆို ၁ နာရီစွန်းစွန်းပဲ ပေးတယ်။ တနေ့ ၁၆ နာရီထက်ကို ပိုပြတ်နေတယ်။”

မြောက်ဒဂုံမြို့နယ်ဘက်မှာတော့ မီးအားအဝင် ၂၂၀ ဗို့ထက် နည်းပါးလာတာကြောင့် ထမင်းပေါင်းအိုးတည်ရင် ၂ နာရီလောက် တည်နေရတယ်လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။

“အမေစုလက်ထက်ကဆို ဘာ voltage change (မီးအားမြှင့်စက်) မှ မလိုဘူး။ ထမင်းအိုး ဆန် ၄ လုံးပဲတည်တာ၊ အခု ၂ နာရီလောက်ကို ကြာတယ်။ မီးလာလည်း ပိုးစုန်းကြူးလောက်လေးပဲ။ မီးသွေးနဲ့တည်တာကမှ ပိုမြန်တယ်။”

မြန်မာတနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်တဲ့ တနေ့တာအတွက် မဂ္ဂါဝပ် ၄,၄၀၀ ဝန်းကျင်ကို သက်ဆိုင်ရာ ဓာတ်အားဓာတ်ရုံတွေကနေ တနေ့တာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂,၂၀၀ လောက် ထုတ်လုပ်နိုင်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမဲ့ ဇန်နဝါရီ ၅ ရက် စာရင်းမှာတော့ တနေ့တာအတွက် မဂ္ဂါဝပ် ၁,၇၀၀ ကျော်သာ ထုတ်လုပ်နိုင်တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013