DVB Logo
Home
မြန်မာသတင်း
အဆောက်အအုံသစ်ဆောက်လျှင် ဆိုလာစနစ်ပါတပ်ဆင်နိုင်ရေးလုပ်မည်ဟု စစ်ကောင်စီပြော
DVB
·
January 8, 2025
အဆောက်အအုံသစ်ဆောက်လျှင် ဆိုလာစနစ်ပါတပ်ဆင်နိုင်ရေးလုပ်မည်ဟု စစ်ကောင်စီပြော
Donate to DVB

အဆောက်အအုံသစ်တွေတည်ဆောက်မယ်ဆိုရင် ဆိုလာစနစ်ကိုပါတပ်ဆင်အသုံးပြုဖို့နဲ့ ပိုလျှံတဲ့ လျှပ်စစ်တွေကို နိုင်ငံတော်ဓာတ်အားစနစ် (National Grid) အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်နိုင်တဲ့အထိ လုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ ကော်မရှင်အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နဲ့စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောဆိုခဲ့တာပါ။

နိုင်ငံတကာမှာလည်း ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက်နေသလို ဒီမှာလည်း အဆောက်အအုံသစ်တွေ တည်ဆောက်မယ်ဆိုရင် ဆိုလာစနစ်ကိုပါတပ်ဆင်အသုံးပြုရေး၊ ပိုလျှံလျှပ်စစ်တွေကို National Grid (နိုင်ငံတော်ဓာတ်အားစနစ်)အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာတွေထုတ်ပြန်နိုင်တဲ့အထိ ဆောင်ရွက်သွားရမှာဖြစ်လို့ အားလုံးက အကြံပြုဆွေးနွေးပေးစေလိုတယ်လို့ ပြောကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစဉ်က ဖော်ပြထားပါတယ်။

အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရဖို့လိုနေတာကြောင့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးစားနေသလို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာတွေကို ဖိတ်ခေါ်ဆောင်ရွက်ဖို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ထဲမှာ အနိမ့်တမံတွေတည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူနိုင်တာ ၁၆ နေရာရှိပြီး ဦးစားပေး ၄ နေရာထဲက အသင့်တော်ဆုံး တနေရာမှာလုပ်ဖို့အတွက် အကျိုးအပြစ်တွေကိုလေ့လာပြီး စစ်ခေါင်းဆောင်ဆီပြန်တင်ပြရမှာဖြစ်တာကြောင့် အမြန်ဆုံးအကောင်အထည်ဖော်ရမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013