DVB Logo
Home
နိုင်ငံတကာ
ဆိုက်ဘာထရပ်ပေါက်ကွဲမှု သံသယရှိသူက ChatGPT အသုံးပြုပြီး တိုက်ခိုက်မှုကို စီစဉ်ခဲ့
DVB
·
January 8, 2025
ဆိုက်ဘာထရပ်ပေါက်ကွဲမှု သံသယရှိသူက ChatGPT အသုံးပြုပြီး တိုက်ခိုက်မှုကို စီစဉ်ခဲ့
Donate to DVB

နှစ်သစ်ကူးနေ့ကဖြစ်ခဲ့တဲ့ ဆိုက်ဘာထရပ် ပေါက်ကွဲမှု နောက်ကွယ်က သံသယရှိသူဟာ AI ဉာဏ်ရည်တု ပရိုဂရမ် ChatGPT ကို အသုံးပြုပြီး တိုက်ခိုက်မှုကို စီစဉ်ခဲ့ကြောင်း လာ့စ်ဗီးဂတ်စ် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။

သံသယရှိသူဟာ ပေါက်ကွဲစေတတ်တဲ့ ပမာဏနဲ့ မီးလောင်စေတဲ့ နည်းလမ်းများဆိုင်ရာ အချက်အလက်တွေကို ရှာဖွေဖို့ ChatGPT ကို အသုံးပြုခဲ့ပုံတွေကို ကလာ့ခ်ကောင်တီ ရဲအရာရှိ ကက်ဗင် မက်မဟေးလ်နဲ့ လက်ထောက်ရဲအရာရှိ ဒိုရီ ကိုရန် တို့က သရုပ်ဖော်ပြခဲ့ပါတယ်။

“ဒါဟာ Chat GPT ကို ဒီလိုပုံစံနဲ့ အသုံးပြုခဲ့တဲ့ အမေရိကန်မြေမှာ ပထမဆုံး အဖြစ်အပျက်ပါပဲ” လို့ ရဲအရာရှိ မက်မဟေးလ်က ရှင်းလင်းပွဲတခုအတွင်း ပြောကြားခဲ့ပါတယ်။

သံသယရှိသူရဲ့ စူးစမ်းမေးမြန်းချက်တွေမှာ မီးရှူးမီးပန်းတွေ ဝယ်ယူခြင်းနဲ့ တခြား ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ညီမျှခြင်းတွေအပြင် ပေါက်ကွဲမှုကို အစပျိုးပေးနိုင်မယ့် လိုအပ်တဲ့ ကျည်ဆန်အလျင်ရဲ့ အတိအကျ အချက်တွေကို ထပ်တိုး မေးမြန်းထားတယ်လို့ ဆိုပါတယ်။

အဲဒီရှင်းလင်းပွဲမှာ မျှဝေထားတဲ့ ထောက်လှမ်းရေး ဗီဒီယိုဖိုင်မှာ သံသယရှိသူဟာ ဆိုက်ဘာထရပ်ကားကို ပြိုင်ကားသုံး လောင်စာဆီတွေ လောင်းချခဲ့တာကို ပြသထားပြီး ဒါဟာ နောက်ပိုင်းမှာ ထရမ့်ပ် မျှော်စင်အနီး ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သံသယရှိသူရဲ့ ဖုန်းထဲမှာ မကျေနပ်ချက်မျိုးစုံကို ဖော်ပြထားတဲ့ စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက်တခုကို တွေ့ရှိခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ တခြားသူတွေကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်ခြင်းမဟုတ်ဘဲ အသေခံဗုံးခွဲမှုအဖြစ် ရည်ရွယ်ထားကြောင်း ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013