DVB Logo
Home
မြန်မာသတင်း
မံစီမြို့အနီး စစ်ကောင်စီတပ်ရင်း ၃ ခုကို KIA သိမ်းပိုက်
DVB
·
January 8, 2025
မံစီမြို့အနီး စစ်ကောင်စီတပ်ရင်း ၃ ခုကို KIA သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နားက စစ်ကောင်စီတပ် ခမရ ၃၁၉၊ ၆၀၁ နဲ့ အမတ ၅၂၃ တပ်ရင်းဌာနချုပ် ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီလို့ ကချင်ရှေ့တန်း သတင်းရင်းမြစ်ကနေသိရပါတယ်။ 

မနေ့ပိုင်းက စတင်ဝင်ရောက်နိုင်ခဲ့ပေမဲ့ ဒီနေ့မနက်ပိုင်းကမှ အပြီးသတ် ရှင်းလင်းနိုင်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းတွေဖမ်းဆီးရမိသို လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်းရမိတယ်လို့ နောက်ထပ် သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ဗန်းမော်မြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေနဲ့ မံစီမြို့နားက တပ်ရင်း ၃ ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၆ ရက်က စတင်ပြီး တပြိုင်တည်း တိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့ သိမ်းပိုက်ရရှိလိုက်တာ ဖြစ်ပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတယောက်က "မံစီမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၃၁၉)၊ ခမရ ၆၀၁ နဲ့ အမြောက်တပ်ရင်း ၃၅၂ တပ်ရင်းဌာနချုပ် သုံးခုစလုံးကို ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၁၀ နာရီ ခွဲ ဝန်းကျင်ခန့်က သိမ်းလိုက်ပြီ" လို့ ပြောပါတယ်။

နောက်ထပ့် KIA ရှေ့တန်းသတင်းရင်းမြစ်တယောက်က “အခုန ၃၁၉ အစွန်က ဘန်ကာတခုကနေတော့ သေနတ်သံထွက်နေတုန်းပဲ၊ ၃၁၉ တော့ နည်းနည်းကျန်သေးတယ်။ ၆၀၁ နဲ့ ၅၂၃ တော့ သိမ်းပြီးပြီ။ အခုလောက်ဆိုရင်တော့ ၃၁၉ လည်း ရလောက်ပြီ”လို့ ပြောပါတယ်။

မနေ့ညပိုင်းမှာတော့ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဘက်ကို လေကြောင်းကနေ ‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးတွေ ခပ်စိပ်စိပ်လာကြဲတယ်လို့ ဆိုပါတယ်။

မံစီမြို့နယ်ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်က ၂၀၂၄ မေလကတည်းက သိမ်းပိုက်ရရှိထားတာဖြစ်ပြီး မံစီနဲ့ ဗန်းမော်မြို့ကြားက စစ်ကောင်စီတပ်ရင်း ၃ ခုကိုတော့ ဝိုင်းဝန်း ပိတ်ဆို့ထားကာ ဒီဇင်ဘာ ၄ ရက်က ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗန်းမော်စစ်ဆင်ရေးကို နှစ်သစ်ကူးကာလမှာ ခဏရပ်နားထားပြီးနောက် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ရာကနေ မံစီမြို့အနီး ဗန်းမော်-မံစီမြို့ လမ်းမဘေးမှာ တဆက်တည်းရှိနေတဲ့  တပ်ရင်း ၃ ခုကို သိမ်းပိုက်ရရှိထားတာပါ။

ဒါ့အပြင် ဗန်းမော်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း KIA က ဇန်နဝါရီ ၆ ရက်မှာ ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေမှာ ဝင်ရောက်နေရာယူထားပါတယ်။

ဗန်းမော်အနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇန်နဝါရီ ၇ ရက်မှာ DVB ကို ပြောပါတယ်။

မံစီမြို့နားက စစ်ကောင်စီတပ်ရင်း ၃ ခုကို သိမ်းပိုက်ရရှိပြီးနောက် ဗန်းမော်မြို့ပေါ်က စကခ ၂၁၊ နမ့်ဖားတက္ကသိုလ်နဲ့ ဖန်းကားကုန်း ခလရ ၄၇ တပ်ရင်း၊ ဗန်းမော်-မိုးမောက်ကြားက စစ်ဆေးရုံ၊ သံချပ်ကာတပ်ရင်း၊ ထောက်ပို့တပ်ရင်းတွေနဲ့ GE တပ်ရင်းတွေ ကျန်ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013