DVB Logo
Home
မြန်မာသတင်း
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) နှစ် ၃၀ ပြည့်အထိမ်းအမှတ် ချင်းမိုင်တွင်ကျင်းပ
DVB
·
January 8, 2025
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) နှစ် ၃၀ ပြည့်အထိမ်းအမှတ် ချင်းမိုင်တွင်ကျင်းပ
1 / 7
Donate to DVB

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဖွဲ့စည်းတည်ထောင်တဲ့ နှစ် ၃၀ ပြည့်အထိမ်းအမှတ်နဲ့ Honest Information မီဒီယာ တည်ထောင်တဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဇန်နဝါရီ ၇ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကျင်းပပါတယ်။

BWU နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားကိုတော့ “We dare, we challenge Patriarchy!” (ဖိုဝါဒကြီးစိုးမှုကို ငါတို့ ရဲရဲဝံ့ဝံ့ စိန်ခေါ်တယ်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

BWU ရဲ့ မူဝါဒရေးရာ အဖွဲ့ဝင် ဒေါ်တင်တင်ညိုက“အမျိုးသမီးငယ်များစွာရဲ့ စွမ်းရည်တွေ မြှင့်တင်နိုင်အောင် လေ့ကျင့်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ BWU ရဲ့ နှစ် ၃၀ ကာလအတွင်းမှာ ကျမတို့က စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေဆဲပါ။ တချိန်တည်းမှာပဲ ကျမတို့က အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်နေတာလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်တပ်က အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးမှာဆိုရင် အလွှာပေါင်းစုံက အမျိုးသမီးတွေ အများကြီးရှိတယ်ဆိုတာ သိနိုင်ပါတယ်။ သူတို့ ထွက်လာပြီး စစ်အုပ်ချုပ်ရေးကို ဘယ်တော့မှ လက်မခံဘူး ဆိုတာ အခိုင်အမာပြတယ်။ စစ်အုပ်ချုပ်ရေးအစား လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ကျားမရေးရာ တရားမျှတမှုကို ပြန်လည် ရယူလိုကြတယ်ဆိုတာကို ပြသခဲ့ကြပါတယ်။ ဒါတွေဟာ BWU ဖြတ်သန်းခဲ့တဲ့ နှစ် ၃၀ အတွင်း ကျမတို့ တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုနိုင်တဲ့ အောင်မြင်မှုအချို့ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေ ရှိပေမဲ့ စိန်ခေါ်မှုတွေကိုလည်း ကြုံခဲ့ရပါတယ်။ ကျမတို့ရဲ့ တိုက်ပွဲ၊ တော်လှန်ရေးဟာ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေး သက်သက် မဟုတ်ဘဲ၊ ကျမတို့ရဲ့ နိုင်ငံဟာ ဖိုဝါဒကြီးစိုးတဲ့ လွှမ်းမိုးတဲ့ ချုပ်ကိုင်ထားတဲ့ နိုင်ငံဖြစ်တာကြောင့် အတွေးအခေါ် တော်လှန်ရေးလို့လည်း ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအပြီး အမျိုးသမီး တိုင်းရင်းသူလူမျိုးပေါင်းစုံပါဝင်တဲ့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ  စတင်ဖွဲ့စည်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013