DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ လေယာဉ်ဖြင့်ချပေးသည့် ကျည်ဆန်နှင့် ရိက္ခာများ  PDF ရရှိ
DVB
·
January 8, 2025
ဝက်လက်မြို့နယ်၌ လေယာဉ်ဖြင့်ချပေးသည့် ကျည်ဆန်နှင့် ရိက္ခာများ  PDF ရရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာချပေးတဲ့ ကျည်ဆန်နဲ့ ရိက္ခာထုပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရရှိသွားတယ် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၂ ရက် မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ခဲယမ်းနဲ့ ရိက္ခာတွေပါတဲ့ အထုပ်တွေကို လေကြောင်းကနေချထားပေးခဲ့တာဖြစ်ပါတယ်။

ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရှိမ်းမကားရွာ အနောက်ဘက်မှာရှိတဲ့ ရှိမ်းမကားနယ်မြေရဲစခန်းကို စစ်တပ်က လေ​ယာဥ်နဲ့ ချပေးတဲ့ အထုပ်တွေထဲကနေ ကျနော်တို့စခန်းနားကို တထုပ်ကျလာလို့ ရခဲ့တာပါ” လို့ ပြောပါတယ်။

PDF တွေရတဲ့ အထုပ်ထဲမှာ ၅ ဒသမ ၅၆ကျည် ၁၀၀၀ ကျော် ( ကျည်ဆန်ဘူး ၂၀ ဘူးပါ အထုပ် ၄ ထုပ်) နဲ့ တခြားရိက္ခာခြောက်အထုပ်တွေပါလာတယ်လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ (ဝက်လက်) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမွန်ကြီးက ပြောပါတယ်။

ကျည် ၁၀၀၀ ကျော်ကိုတော့ မဟာမိတ်တွေဖြစ်တဲ့  လျှပ်စီးပြောက်ကျားတပ်ဖွဲ့ (ဝက်လက်) ၊ ပြည်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့နဲ့ နတ်တော်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အဖွဲ့ ၃ ဖွဲ့ခွဲယူလိုက်ကြပါတယ်လို့လည်း ပြောပါတယ်။

ရှိမ်းမကားရွာအနောက်ဘက်မှာရှိတဲ့ ရွှေဘိုနဲ့ စစ်ကိုင်းခရိုင်တွေကိုဆက်သွယ်ထားတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ  တနှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါနေရာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီနဲ့ ည ၇ နာရီကြားမှာ တိုက်လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရှိမ်းမကားကျေးရွာရဲစခန်းမှာ ၂၀၂၂ ဇန်နဝါရီကနေ စတင်တပ်စွဲနေပြီး ဒေသခံပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တာတွေအပြင် ပြည်သူတွေကို ဖမ်းဆီးနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013