DVB Logo
Home
မြန်မာသတင်း
ရခိုင် စစ်ဘေးရှောင် ၃၀၀ ခန့်ပါ သင်္ဘာ ၁ စီး ဟိုင်းကြီးကျွန်းအနီး တားဆီးခံထားရ
DVB
·
January 7, 2025
ရခိုင် စစ်ဘေးရှောင် ၃၀၀ ခန့်ပါ သင်္ဘာ ၁ စီး ဟိုင်းကြီးကျွန်းအနီး တားဆီးခံထားရ
Donate to DVB

ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်လာသူ အယောက် ၃၀၀ နီးပါးပါတဲ့ သင်္ဘာတစီးကို ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးမှာ  စစ်ကောင်စီတပ်က တားဆီးထားပြီး ကမ်းကပ်ခွင့်နဲ့ ထွက်ခွာခွင့်မပေးတာကြောင့် လိုက်ပါလာသူတွေ အခက်တွေ့နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ကနေ ထွက်လာတဲ့စစ်ဘေးရှောင်အယောက် ၃၀၀ ဝန်းကျင်လိုက်ပါလာတဲ့ သင်္ဘာကို ဟိုင်းကြီးကျွန်းအနီးပင်လယ်ပြင်မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၇ ရက်က စတင်တားမြစ်ထားပြီး ဒီနေ့ ဇန်နဝါရီ ၇ ရက်အထိ ထွက်ခွာခွင့်နဲ့ ကမ်းကပ်ခွင့်မပေးတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တယောက်က ''စစ်ရှောင်တွေက ဒီနေ့အထိ ပင်လယ်ပြင်က သင်္ဘာပေါ်မှာပဲ ၁၀ ရက် တိုင်တိုင်နေခဲ့ရတာ။ စစ်ကောင်စီတပ်က လုံးဝသွားလာခွင့်မပြုဘဲ တားထားတာ။ ကူညီဖို့လာတဲ့ အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီတပ်က ကူညီခွင့် မပေးဘူး''လို့ ပြောပါတယ်။

အဲ့ဒီ သင်္ဘာပေါ်မှာ အသက် ၈၀ ကျော် အရွယ် သက်ကြီးရွယ်အိုတွေအပါအဝင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေအပြင် နာမကျန်းဖြစ်နေတဲ့သူတွေလည်း ပါဝင်ပြီး စားနပ်ရိက္ခာ အနည်းအငယ်သာပါအတွက် အခက်အခဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒေသခံ တယောက်က ''စစ်ကောင်စီတပ်က အရပ်သားတွေကို အသေခံထားမယ့် သဘောရှိတယ်။ မနေ့က ဈေးသည်တချို့ စစ်ရှောင်တွေဆီ ဈေးလာရောင်းလို့ ရေဘူး ဝယ်တာတောင် စစ်ကောင်စီတပ်က အဝယ်မခံဘူး။ အလုပ်မရှုပ်နဲ့ လာရောင်းတဲ့သူတွေလည်း လာမရောင်းနဲ့လို့ အော်ထုတ်တာတွေ့ရတယ်''လို့ ပြောပါတယ်။

အဆိုပါစစ်ဘေးရှောင်တွေဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မာန်အောင်၊ သံတွဲနဲ့ တောင်ကုတ်မြို့က ဒေသခံတွေဖြစ်လို့ စစ်ကောင်စီတပ်က  တားဆီးထားတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013