
ဆောင်းရာသီ မုန်တိုင်းဟာ ဇန်နဝါရီ ၆ ရက် မနက်မှာ အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ် အလယ်ပိုင်းကို ဝင်ရောက်ခဲ့တာကြောင့် မြို့တော် ဝါရှင်တန်ဒီစီက ဗဟိုရုံးတွေနဲ့ စာသင်ကျောင်းတွေကို ပိတ်လိုက်ရပါတယ်။
ချိုင့်ဝှမ်းနဲ့ အလယ်ပိုင်းလွင်ပြင်တွေ အပါအဝင် အိုဟိုင်းယိုပြည်နယ်ရဲ့ အစိတ်အပိုင်းတချို့မှာ ဆီးနှင်းတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
မေရီလန်းနဲ့ ဗာဂျီးနီးယားပြည်နယ်တွေရဲ့ တချို့နေရာတွေမှာ နှင်းထုက ၈ လက်မအထိ ရှိတယ်လို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက ဆိုပါတယ်။
ဇန်နဝါရီ ၆ ရက် မနက် ၈ နာရီမှာ နိုင်ငံရဲ့မြို့တော်မှာ နှင်းထုက ၅ လက်မအထိ ကျဆင်းခဲ့တာပါ။ ညနေပိုင်းမှာတော့ ဆောင်းမုန်တိုင်းစနစ်က အအေးလှိုင်းကို ပင်လယ်ထဲဆီ မတွန်းထုတ်မီ တနေ့တာလုံး ဆီးနှင်းတွေ ဆက်ကျဆင်းနေမယ်လို့ ခန့်မှန်းထားပါတယ်။
ပတ်ဝန်းကျင်တခွင်လုံး နှင်းတွေ ဖြူဖွေးနေတဲ့ကြားမှာ ဝါရှင်တန်မြို့ခံတွေဟာ DC နှင်းဘောလုံး တိုက်ပွဲအသင်းက စီစဉ်တဲ့ “The Great Meridian Chill Battle of 2025” ပွဲစဉ်အတွက် ဆောင်းရာသီအခင်းအကျင်းကို အံ့သြစရာကောင်းတဲ့ နေရာအဖြစ် ပြောင်းလဲခဲ့ပါတယ်။
DC ဧရိယာမှာ ဝန်ဆောင်မှုပေးနေတဲ့ ရေဂင် အမျိုးသား လေဆိပ် ၃ ခု၊ ဘောလ်တီမိုး၊ ဝါရှင်တန်နဲ့ ဒါးလက်စ် နိုင်ငံတကာလေဆိပ်တို့ကို ဖွင့်လှစ်ထားပြီး လေယာဉ်အမှုထမ်းတွေက နှင်းတွေကျနေတဲ့ လေဆိပ်တွေကို ရှင်းလင်းနေကြပါတယ်။ ဒါပေမဲ့ နှင်းတွေကြောင့် လေယာဉ်ခရီးစဉ်တွေ အများကြီး နှောင့်နှေး ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
Source : Reuters