DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာ လဝကရုံးက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း လုပ်သူများထံမှ အဓမ္မ ငွေတောင်း
DVB
·
January 7, 2025
မြောက်ဥက္ကလာ လဝကရုံးက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း လုပ်သူများထံမှ အဓမ္မ ငွေတောင်း
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားရုံး (လဝက) ဝန်ထမ်းတွေက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေအတွက် လာဘ်ငွေပေးမှ လုပ်ပေးနေပြီး မပေးပါက ကြန့်ကြာ‌နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လာဘ်ငွေမပေးပါက မှတ်ပုံတင်ပြုလုပ်ဖို့အတွက် အဘိုး၊ အဘွားတွေရဲ့ မှတ်ပုံတင်၊ နေရပ် အသေးစိတ်ကအစ ပါဝင်တဲ့ ကိုယ်ရေးရာဇဝင်အတွက် အချက်အလက်အကုန်တောင်းခံပြီး အချက်အလက်စုံပါကလည်း လနဲ့ချီ စောင့်ဆိုင်းနေကြရပါတယ်။

ဒါ့အပြင် eID အီလက်ထရောနစ် သက်သေခံစာရွက် ပြုလုပ်ရာမှာ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်က မိဘနာမည် စာလုံးပေါင်းမတူတာ၊ ပြုလုပ်သူရဲ့ မွေးသက္ကရာဇ် ခုနှစ်၊ လ၊ ရက် ကွဲလွဲတာတွေ ပြုပြင်ဖို့အတွက်လည်း အိမ်ထောင်စုစာရင်း အသစ်လုပ်ခိုင်းတာနဲ့ မှတ်ပုံတင်အသစ် လုပ်ခိုင်းတာတွေ ရှိနေပါတယ်။

မှတ်ပုံတင်ပြုလုပ်သူတယောက်က “နည်းနည်းလေးမှားတာနဲ့ သူတို့ မပြင်ပေးဘူး။ အသစ်လုပ် အသစ်လုပ် ဆိုတာချည်းပဲ။ ပြင်ပေးရင် သူတို့ ပိုက်ဆံမရဘူးလေ။ အသစ်လျှောက်မှ ဘာလိုတယ် ဘာလိုတယ် ဆိုပြီး အကုန်လျှောက်ပြောတာ။ ဖုန်းနံပါတ်တောင် မပေးဘူး။ Kpay ကနေလည်း ပေးလို့မရဘူး။ ငွေသားကို စာအိတ်နဲ့ ဖိုင်ထဲညှပ်ပေးမှ ယူတာ” လို့ ပြောပါတယ်။

အိမ်ထောင်စုစာရင်းအတွက် မွေးဖွားလူဦးရေတိုးခြင်း၊ သေဆုံးသူ စာရင်းဖျက်ခြင်း စတာတွေ အတွက်လည်း မူလနေထိုင်တဲ့ သက်ဆိုင်ရာနယ်တွေက ရပ်ကွက်/ကျေးရွာတွေအထိ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ ယူပေးနေကြရပါတယ်။

CCTV အပြည့်တပ်ဆင်ထားတဲ့ လဝကရုံးတွေထဲမှာ မြေပြို၍ လူမျိုးမပြုတ်၊ လူမျို၍ လူမျိုးပြုတ်မည် စတဲ့ စာသားအပြင် လာဘ်ငွေယူပါက တိုင်ကြားနိုင်ကြောင်း ဖုန်းနံပါတ် ရေးသားထားတာ တွေ့ရပေမဲ့ ဖုန်းဆက်သွယ်တိုင်ကြားလို့ မရဘူးလို့ သိရပါတယ်။

ရုံးတွေထဲမှာ လဝကဝန်ထမ်းတွေကို နယ်မြေရပ်ကွက်အလိုက် ခွဲခြားတာဝန်‌ပေးထားပေမဲ့ လုပ်ဆောင်မှု မြန်ဆန်‌စေဖို့အတွက် ရုံးအပြင်ဘက်က ပွဲစားတွေသာ လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013