DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးမှ ဘောလုံးပွဲကြိုက်သည့် သီလရှင် ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာ
DVB
·
January 6, 2025
ဘရာဇီးမှ ဘောလုံးပွဲကြိုက်သည့် သီလရှင် ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာ
Donate to DVB

ဘရာဇီးနိုင်ငံက ဘောလုံးအားကစားကို ကြိုက်နှစ်သက်တဲ့ အသက် ၁၁၇ နှစ်အရွယ် သီလရှင်တပါးဟာ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

အခုလိုမျိုး အသက်ရှည်ရတာဟာ ကက်သလစ်ဘာသာအပေါ် ခိုင်မာတဲ့ယုံကြည်မှုကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လောင်းဂျက်ဗကွက်စ် (LongeviQuest) လေ့လာစောင့်ကြည်ရေးအဖွဲ့ကတော့ ကက်သလစ်သီလရှင်ကြီး အီနာ ကာနာဘာရိုကို သူ့ ငယ်ဘဝမှတ်တမ်းတွေအရ အသက်အကြီးဆုံးသူအဖြစ် ပြီးခဲ့တဲ့စနေနေ့မှာ အတည်ပြုသွားပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်အတွင်း အသက် ၁၁၆ နှစ်နဲ့ ရက် ၂၂၀ အရွယ်မှာ ဂျပန်အဘွားအို တိုမီကို အီတိုကာ ကွယ်လွန်သွားပြီးနောက် ကာနာဘာရိုဟာ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဝှီးချဲနဲ့သွားလာနေရတဲ့ သီလရှင်ကြီးဟာ အသက် ၁၁၆ နှစ်နဲ့ ၂၁၁ ရက် ရှိပြီ ဖြစ်ပါတယ်။

၁၉၀၈ ခုနှစ်၊ မေ ၂၇ ရက်က ဘရာဇီးတောင်ပိုင်းက မိသားစုအသိုင်းအဝိုင်းကြီးတခုမှာ ကာနာဘာရိုကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သီလရှင်ကြီးဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဘာသာရေးလိုက်စားခဲ့တာဖြစ်သလို သူ့ရဲ့ အသက် ၁၁၀ ပြည့် မွေးနေ့ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကိုယ်တိုင် ဂုဏ်ပြုပေးခဲ့ဖူးပါတယ်။

၂၀၂၃ ခုနှစ်မှာ အသက် ၁၁၈ နှစ်အရွယ် ပြင်သစ် သီလရှင်ကြီး လူဆီ ရန်ဒွန် ကွယ်လွန်ခဲ့ပြီးနောက် ကာနာဘာရိုဟာ ဒုတိယမြောက် ကမ္ဘာ့အသက်အကြီးဆုံးသီလရှင် ဖြစ်လာခဲ့ပါတယ်။

ကာနာဘာရိုဟာ အင်တာ (Inter) ဆိုတဲ့ ဒေသခံဘောလုံးအသင်းကို အားပေးသူဖြစ်ပြီး အသင်းသက်တမ်းက သူ့အသက်ထက် လျော့နည်းတဲ့အပြင် အသက်အကြီးဆုံး ပရိသတ်အဖြစ်ပါ နှစ်စဉ် မွေးနေ့ပွဲတွေ ကျင်းပပေးလေ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013