DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ပြင်းထန်သည့် ဆောင်းမုန်တိုင်းဒဏ် လူသန်း ၆၀ ကျော် ခံစားရနိုင် 
DVB
·
January 6, 2025
အမေရိကန်တွင် ပြင်းထန်သည့် ဆောင်းမုန်တိုင်းဒဏ် လူသန်း ၆၀ ကျော် ခံစားရနိုင် 
Donate to DVB

အမေရိကန်နိုင်ငံတဝန်းမှာ ဆောင်းမုန်တိုင်းဒဏ်ကို ပြည်နယ် တဒါဇင်ကျော်က လူ သန်း ၆၀ လောက် ခံစားနေရပြီး ပြည်နယ် ၇ ခုမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ဝန်ရိုးစွန်းလေပွေဝဲကြောင့် အာတိတ်ဒေသကနေ အမေရိကန်အလယ်ပိုင်းအထိ အလွန်အေးခဲတဲ့ ရာသီဥတုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီမုန်တိုင်းကြောင့် ကင်တက်ကီ၊ ဗာဂျီးနီးယား၊ ကန်ဆက်စ်၊ အာကန်ဆောနဲ့ မစ်ဆိုရီပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားသလို အရမ်းအေးတဲ့ ရာသီဥတုနဲ့ မရင်းနှီးတဲ့ မစ္စစ္စပီနဲ့ ဖလော်ရီဒါပြည်နယ် ဒေသအချို့မှာပါ အရေးပေါ် ကြေညာထားရတာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ နိုင်ငံအရှေ့ပိုင်းကို ဦးတည်လာမယ်လို့ မျှော်လင့်ရပြီး  ပြည်နယ် ၃၀ လောက်မှာ ရာသီဥတု သတိပေးချက် ထုတ်ထားပါတယ်။

မုန်တိုင်းဟာ အတ္တလန္တိတ်အလယ်ပိုင်းကို ဦးတည်ရွေ့လျားနေပြီး ဝါရှင်တန်ဒီစီမှာ အကြီးအကျယ် နှင်းကျပြီး အလွန်အမင်းအေးမြမှုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဒါပေမဲ့ ဇန်နဝါရီ ၆ ရက်မှာ ဒေါ်နယ်ထရမ့်ပ် အောင်ပွဲရတဲ့ သမ္မတရွေးကောက်ပွဲ ရလဒ်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုမယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က အတည်ပြုပါတယ်။

ဒါပေမဲ့ မြို့တော်က အခြား ပြည်ထောင်စုရုံးတွေကိုတော့ ပိတ်ထားမှာ ဖြစ်ပါတယ်။

ဆောင်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်ရာချီ ဖျက်သိမ်းခဲ့ပြီး ကန်းဆက်စ်စီးတီးနဲ့ စိန့်လူဝီစ် မြို့တွေမှာတင် ခရီးစဉ် ၃၀၀ နီးပါး ဖျက်သိမ်းခဲ့ရတယ်လို့ FlightAware ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

တနင်္လာနေ့ညမှာတော့ မုန်တိုင်းဟာ ကမ်းလွန်ကနေ ထွက်ခွာသွားမယ်လို့ ခန့်မှန်းထားပေမဲ့ အရိုးကွဲအောင်အေးတဲ့ အာတိတ်လေကတော့ ကျန်ရစ်ခဲ့မှာဖြစ်တဲ့အတွက် အင်္ဂါနေ့အထိ အအေးပိုနေမယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်နိုင်ငံသား ၆၂ သန်းလောက်ဟာ ၁၀ စုနှစ်တခုအတွင်း နှင်းကျဆင်းမှု အထူထပ်ဆုံးနဲ့ အအေးဆုံးရာသီဥတုကို ဆောင်ကြဉ်းလာနိုင်တဲ့ ဧရာမဆောင်းရာသီမုန်တိုင်းနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန် အမျိုးသားမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ နိုင်ငံအလယ်ပိုင်းမှာ စတင်ဖြစ်ပေါ်နေတဲ့ ဆောင်းရာသီမုန်တိုင်းဟာ နောက် ၂ ရက်အတွင်း အရှေ့ဘက်ကို ရွေ့လျားသွားမယ်လို့ သိရပါတယ်။

ဒီမုန်တိုင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး ဆောင်းရာသီမုန်တိုင်း ဖြစ်လာနိုင်ပြီး အေးခဲတဲ့လေထုဟာ သာမန်ထက် များစွာနိမ့်ကျနေကာ တပတ်လောက်အထိ ကြာမြင့်နိုင်တယ်လို့ AccuWeather က ရာသီဥတုပညာရှင် ဒန်နီယယ် ဒီပေါ့ဝင်းက ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ကင်တက်ကီနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားရပြီး မစ္စစ္စပီနဲ့ ဖလော်ရီဒါလို အေးမြမှုနဲ့ မရင်းနှီးတဲ့ ပြည်နယ်တွေမှာလည်း အန္တရာယ်ရှိ အခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။

အာတိတ်ဒေသက ဝင်လာတဲ့ အေးတဲ့လေထု (ပိုလာဗော်တက်စ်) ကြောင့် နှင်းကျမှုနဲ့ အပူချိန်ကျဆင်းမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး တချို့နေရာတွေမှာ ၁၀ စုနှစ်တခုအတွင်း အများဆုံး နှင်းကျနှုန်း ဖြစ်လာနိုင်တယ်လို့ အမျိုးသားသမုဒ္ဒရာနဲ့ လေထုအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လေကြောင်းခရီးစဉ်တွေလည်း အနှောင့်အယှက်ဖြစ်နိုင်တဲ့အတွက် အမေရိကန်၊ ဒယ်လ်တာ၊ အနောက်တောင်ပိုင်းနဲ့ ယူနိုက်တက်လေကြောင်းလိုင်းတွေက ခရီးသည်တွေအတွက် ခရီးစဉ်ပြောင်းလဲခ ကင်းလွတ်ခွင့် ပေးထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013