DVB Logo
Home
နိုင်ငံတကာ
အရက်ပုလင်းပေါ် ကင်ဆာ သတိပေးချက် ဖော်ပြရန် အကြံပြုချက် ထွက်လာပြီး ဆေးခြောက်သုံးသူများက ကြိုဆို
DVB
·
January 5, 2025
အရက်ပုလင်းပေါ် ကင်ဆာ သတိပေးချက် ဖော်ပြရန် အကြံပြုချက် ထွက်လာပြီး ဆေးခြောက်သုံးသူများက ကြိုဆို
Donate to DVB

အရက်ပုလင်းတွေရဲ့ ကုန်အမှတ်တံဆိပ်ပေါ်မှာ ကင်ဆာဖြစ်နိုင်တဲ့ သတိပေးချက်တွေ ထည့်သွင်း ဖော်ပြထားဖို့ အမေရိကန် ပြည်သူ့ကျန်းမာရေးဌာန ဆေးမှူးချုပ် ဗီဗက် မာသီက ပြောလိုက်ပြီး ဆေးခြောက်သုံးစွဲသူတွေက ကြိုဆို လက်ခံလိုက်ပါတယ်။

အရက်သောက်တာဟာ ရင်သား၊ အူမကြီးနဲ့ အသည်းကင်ဆာ အပါအဝင် ကင်ဆာ ၇ မျိုးထက်မနည်း ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး အမေရိကန်စားသုံးသူတွေက ဒီအချက်ကို သတိမထားမိသေးဘူးလို့ အမေရိကန် ဆေးမှူးချုပ် ဗီဗက် မာသီက သောကြာနေ့အစောပိုင်းမှာ ပြောခဲ့တာပါ။

လူတွေက ကင်ဆာဖြစ်နိုင်ခြေကြောင့် အရက်သောက်၊ မသောက်နဲ့ ပမာဏဘယ်လောက် သောက်ရမလဲဆိုတာ ချိန်ဆဆုံးဖြတ်နိုင်စေဖို့ အရက်သောက်သုံးမှု ကန့်သတ်ချက်တွေကို ပြန်အကဲဖြတ်ဖို့ မာသီက ဆော်ဩ တောင်းဆိုခဲ့ပါတယ်။ 

အမေရိကန်မှာ နှစ်စဉ် ကင်ဆာရောဂါဝေဒနာရှင် ၁ သိန်းနဲ့ ကင်ဆာကြောင့် သေဆုံးမှု ၂ သောင်းအတွက် အရက်မှာ တာဝန်ရှိတယ်၊ အရက်မူးလို့ ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးသူ နှစ်စဉ် အယောက် ၁၃,၅၀၀ ရှိတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ ဆေးမှူးချုပ်ရဲ့ အကြံပေးချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာ ကယ်လီဖိုးနီးယားပြည်နယ်က ဆေးခြောက်သုံးသူတွေက အံ့ဩခဲ့ကြပြီး Gold Flora ကော်ပိုရေးရှင်းက ပိုင်ဆိုင်စီမံခန့်ခွဲနေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ စန်ဟိုဆေးမြို့ ​က Airfield Supply Company အပြင်မှာ ဆေးခြောက်သုံးသူတွေက သတင်းမထွက်မီကတည်းက သူတို့က အရက်လျှော့သောက်ဖို့ ဆုံးဖြတ်ထားပြီးပြီလို့ ပြောပါတယ်။

အရက်သောက်ခြင်းယဉ်ကျေးမှုအတွက် လူသိများတဲ့ ဝစ္စကိုဆင်ပြည်နယ်ကနေ အလည်ရောက်နေတဲ့ နစ်ခ် ဘစ်ဂရုဖ်က “အသက် ၂၀ နဲ့ ၃၀ အရွယ်မှာ တသက်လုံးသောက်ပြီးပြီမို့ ပြောင်းရတာကို ကြိုက်တယ်။ အရက်သောက်တာကို ကိုယ်ရေးကိုယ်တာအရ လျှော့လိုက်ကတည်းက သတိထားမိလိုက်တာ၊ ပိုကောင်းလာတယ်၊ နိုးဖို့ ပိုလွယ်တာကို သတိထားမိတယ်။ စိတ်ဖိစီးမှုကို သက်သာစေပြီး တခြားနည်းလမ်းတွေက အရမ်းကောင်းပါတယ်” လို့ ပြောပါတယ်။

ဆေးမှူးချုပ် အကြံပေးချက် ထွက်ပြီးညမှာ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့လယ်က ပေါ့ပေါ့ပါးပါး ဘားတခုမှာ လူတွေက ဘားပိုင်ရှင် အေဂျာ ဝုဖ်က ရောစပ်ပေးတဲ့ အရက်မပါတဲ့ သစ်သီးဖျော်ရည်တွေကို သောက်သုံးနေကြပါတယ်။

Sober Social Bar ပိုင်ရှင် အေဂျာ ဝုဖ်က “အရက်ဟာ ကျနော်တို့ သောက်သုံးနေတဲ့ အဆိပ်တမျိုးပါ၊ သူ ကြေညာချက်ထုတ်လိုက်တာကို ဝမ်းသာပါတယ်” လို့ ပြောပါတယ်။

သူက အရက်ယမကာတွေအတွက် သတိပေးတံဆိပ်တွေ ထည့်ဖို့ စိတ်ကူးကို ထောက်ခံထားပြီး သတိပေးချက်တွေဟာ လူတွေကို ပိုအသိဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်တွေချဖို့ တွန်းအားပေးနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ 

ကုန်အမှတ်တံဆိပ်တွေကို အသစ်ပြန်လုပ်ဖို့ ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်က နောက်ဆုံး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013