DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဆေးခြောက်ဆိုင်ရာ စည်းကမ်းချက်သစ်များ ထုတ်ပြန်
DVB
·
June 30, 2026
Photo : Bangkok Post
Photo : Bangkok Post
Donate to DVB

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဥပဒေမှကင်းလွတ်ခွင့် ပြန်လည်ရုပ်သိမ်းပြီးတဲ့နောက် လိုင်စင် ပိတ်သိမ်းသည်ထိ အရေးယူနိုင်တဲ့ ပိုမို တင်းကျပ်တဲ့ ဥပ‌ဒေစည်းကမ်းသစ်တွေ ကို ထိုင်းအစိုးရက ထပ်မံထုတ်ပြန်လိုက်ပါတယ်။

ဆေးခြောက်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့  ထိုင်းနိုင်ငံတိုင်းရင်းဆေးနဲ့ အစားထိုး ဆေးဝါး ဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းပြဋ္ဌာန်းချက်တွေ ချိုးဖောက်ပါက လုပ်ငန်းလိုင်စင် ယာယီ ရပ်ဆိုင်းတာ ဒါမှမဟုတ် လိုင်စင်ပိတ်သိမ်းတဲ့ထိ အရေးယူခံရနိုင်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန် လိုက်တယ်လို့  ထိုင်းပြည်သူ့ကျန်းမာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထေးဝမ်းထားနီးရတ်က မနေ့ကပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီစည်းကမ်းပြဋ္ဌာန်းချက်ကို ထိုင်းသက္ကရာဇ် ၂၅၆၈ က ထုတ်ပြန်တဲ့ တိုင်းရင်းဆေးဝါးများ (ဆေးခြောက် ) ထိန်းချုပ်ခြင်းဆိုင်ရာ အမိန့်စာကနေ အခြေခံပြီး ပြင်ဆင်တိုးမြှင့်လိုက်တာ ဖြစ်တယ်။

ဒီပြင်ဆင်ပြဋ္ဌာန်းချက်အရ စည်းကမ်းဖောက်ဖျက်သူတွေဟာ လုပ်ငန်းလိုင်စင် ရက်ပေါင်း ၃၀ မှ ၉၀ ထိ ယာယီရပ်ဆိုင်းခြင်း၊ အလားတူပြစ်မှုကို ထပ်မံကျုးလွန်ပါက လိုင်စင်ချက်ချင်းပိတ်သိမ်းခံ ရမယ် လို့ ဆိုပါတယ်။

လိုင်စင် ၃၀ ရက် ရပ်ဆိုင်းခံရနိုင်တဲ့ အကြောင်းရင်းတွေကတော့ ဖ-ထ ပုံစံ ၂၇ အရ ဆေးခြောက်ရဲ့ ဇာစ်မြစ်နဲ့ လက်ကျန်ပမာဏကိုထိန်ချန်တာ၊ တင်ပြရန်ပျက်ကွက်တာ၊  ဖ-ထ ပုံစံ ၂၈ အရ နေ့စဉ် ရောင်းချမှုနဲ့ တခြားထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ်မှုမှတ်တမ်းတင်ပြဖို့ ပျက်ကွက်ကာ၊ အချက်အလက်ပြည့်စုံတဲ့ လစဉ်အစီရင်ခံစာပေးပို့ဖို့ ပျက်ကွက်တာ၊ GACB လို့ခေါ်တဲ့ ကောင်းမွန်စွာထိန်းသိမ်းသိုလှောင်မှုမရှိသော အရည်အသွေးမမီတဲ့ ထုတ်ကုန်တွေ တင်ပို့ ရောင်းချတာ၊ လုပ်ငန်းလိုင်စင်ပြသဖို့ ပျက်ကွက်တာ၊ ဒစ်ဂျစ်တယ်လ်စနစ်နဲ့ စစ်ဆေးခံဖို့ ပျက်ကွက် တာ၊ စီးပွါးဖြစ်ဆေးခြောက်ထုတ်ကုန်တွေ ကြော်ငြာတာ စတာတွေ ဖြစ်ပါတယ်။ 

လိုင်စင် ၉၀ ရက်ထိ ရပ်ဆိုင်းခံရနိုင်တဲ့အကြောင်းရင်းတွေမှာ တင်ပို့မှု အချက်အလက်တွေကို သက်ဆိုင်ရာသို့ အကြောင်းမကြားတာ ၊ ဖ-ထ ပုံစံ ၃၃ အရ  တရားဝင်ရောင်းချတဲ့ ထုတ်ကုန်မှာ ဆေးညွှန်းစာ မပါရှိတာတွေ ဖြစ်ပါတယ်။

လိုင်စင် ပိတ်သိမ်းခံရနိုင်တဲ့ အကြောင်းရင်းတွေကတော့၊ ထုတ်ကုန်ပစ္စည်း အချက်အလက် မှားယွင်းစွာတင်ပြတာ၊ ကျောင်းသားလူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တို့လို ထိခိုက် လွယ် တဲ့ အုပ်စုတွေကို ရောင်းချပေးတာ၊ ဆိုင်ထဲမှာ သုံးစွဲခွင့်ပြုတာ၊ အွန်လိုင်း ဒါမှမဟုတ် အလိုအလျောက် စက်ရုပ်ကနေ ရောင်းချတာ ၊  ဘုရားကျောင်း ၊ စာသင်ကျောင်းနဲ့ အများဆိုင်ရာ ပြည်သူ့ဥယာဉ်စတဲ့ တားမြစ်နေရာတွေမှာ လုပ်ငန်းလုပ်ကိုင်တာတွေ ဖြစ်ပါတယ်။ 

ဒီပြဋ္ဌာန်းချက်တွေဟာ လုပ်ငန်းရှင်တွေအတွက် စံနှုန်းတခုဖြစ်စေပြီး နယ်ပယ်အသီးသီးက တာဝန်ရှိ သူတွေအနေနဲ့ ကွင်းဆင်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်သွားမှာ ဖြစ်တယ်၊ ရည်ရွယ်ချက်က တော့ ဆေးဖြစ်ဝါးဖြစ် လုံခြုံစွာသုံးစွဲနိုင်ဖို့နဲ့ လူငယ်လူရွယ်တွေ ဘေးကင်းစေရေး အတွက် ဖြစ်တယ် လို့ ဒေါက်တာထေးဝမ်းထားနီးရတ်က ပြောသွားပါတယ်။ 

Source: The Standard / Bangkok Post 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013