DVB Logo
Home
မြန်မာသတင်း
ချမ်းအေးသာစံမြို့နယ်တွင် စက်သုံးဆီဆိုင်ပိုင်ရှင် ပြန်ပေးဆွဲခံရ
DVB
·
January 5, 2025
ချမ်းအေးသာစံမြို့နယ်တွင် စက်သုံးဆီဆိုင်ပိုင်ရှင် ပြန်ပေးဆွဲခံရ
Donate to DVB

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်မှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စက်သုံးဆီဆိုင် ပိုင်ရှင်တယောက် ပြန်ပေးဆွဲခံလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်းမှာရှိတဲ့ The Wood စားသောက်ဆိုင်ရှေ့မှာ ဇန်နဝါရီ ၃ ရက် ညနေ ၅ နာရီခွဲက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို အမည်မသိအမျိုးသား ၅ ယောက်က ပြန်ပေးဆွဲသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“စားသောက်ဆိုင်မှာ စားသောက်ပြီး ကားနဲ့ပြန်အထွက်မှာ လူ ၅ ယောက်က ထိုးကြိတ်ပြီး သူတို့ကားနဲ့ ပြန်ပေးဆွဲသွားတာ။ အခုချိန်ထိ သတင်းအစအနမရဘူး။ လုယက်၊ ဓားပြတိုက်တာတောင် မဟုတ်ဘူး။ ပြန်ပေးဆွဲတဲ့အဆင့်အထိ ဖြစ်နေပြီ။ အခုထိ သတင်းအစန မရဘူး” လို့ ပြောပါတယ်။

ပြန်ပေးဆွဲခံရသူဟာ မဟာအောင်မြေခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာက စတားပါဝါ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦး ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“အဲဒီနေ့က ကိုထွန်းလင်းနိုင်ဦးရယ်၊ မဟာအောင်မြေက ကောင်မလေးတယောက်ရယ်၊ The Wood မှာ စားသောက်ပြီး ဟိုက်ဂျက်နဲ့အပြန် ကားတစီးက ဆိုင်ရှေ့မှာ စောင့်နေပြီး ထိုးကြိတ်ပြီးခေါ်သွားတာ ကောင်မလေးတော့ မပါဘူး” လို့ ပြောပါတယ်။

ဘယ်အဖွဲ့က ပြန်ပေးဆွဲတယ်ဆိုတာ မသိရသလို ဦးထွန်းလင်းနိုင်ဦးနဲ့ အဆက်အသွယ်လည်း မရသေးဘူးလို့ သူက ပြောပါတယ်။

လုယက်၊ ဓားပြတိုက်မှု ၁၁ ကြိမ်ထက်မနည်းဖြစ်ခဲ့တဲ့ မဟာအောင်မြေခရိုင်မှာ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲကလည်း ဆင်ဖြူတော်ငွေလွှဲဆိုင် ဓားပြတိုက်ခံရပြီး ငွေသိန်း ၇၀၀ နဲ့ ကားတစီးပါသွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013