DVB Logo
Home
မြန်မာသတင်း
ချမ်းအေးသာစံတွင် ပြည်သူ့စစ် ၂ ဦးကို ရဲကဖမ်းပြီးအမှုဖွင့်လိုက်သဖြင့် စစ်တပ်က ပြဿနာရှာ
DVB
·
September 27, 2026
Photo: Kyaw Win Maung 
Photo: Kyaw Win Maung 
Donate to DVB

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ ပေါ်တာဆွဲဖမ်းဆီးတဲ့ ပြည်သူ့စစ် ၂ ယောက်ကို ရဲစခန်းက ဖမ်းပြီး အမှုဖွင့်နေတာကို စစ်တပ်က ပြသာနာရှာနေတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်သူ့စစ် ၂ ယောက်ကို ဖမ်းဆီးပြီး အမှတ် ၆ နယ်မြေရဲစခန်းက အမှုဖွင့်လိုက်တဲ့အပေါ် အာဏာရှင်စစ်တပ်မှ ကျော်ဝင်းမောင်ဆီုသူက ဒီကနေ့ မနက်မှာ သူအသုံးပြုနေတဲ့ Facebook အကောင့်ကနေ ရဲတွေကို ခြိမ်းခြောက်ဆဲဆိုခဲ့တာဖြစ်ပါတယ်။

"ခင်ဗျားတို့တွေ တွေ့မယ်နော်၊ ကျုပ်တပည့်ကျော်နဲ့ ကျုပ်ညီတယောက်ကို ခင်ဗျားတို့ရဲတွေ မတရားခေါင်းစဥ်တပ်ပြီး စစ်နယ်မြေနဲ့ပေါင်းပြီး အမှုဖွင့်တယ်နော်။ အဲ့ကလေးတွေက မင်းတို့ထက် တန်ဖိုးရှိတယ်၊ လုံခြုံရေးမှာ အတူလိုက်သေတဲ့ကလေးတွေ။ သေချာမမေးမြန်းဘဲနဲ့ လိုရာဆွဲပြီး အမှုဖွင့်ထားတာ။ ငါ့ညီတွေက၊ အဲ့ကလေးတွေက မင်းတို့ထက် တိုင်းပြည်ချစ်စိတ်ရှိတယ်။ အမှတ် ၆ နယ်မြေရဲစခန်းမှူး မင်းအမှုဖွင့်ထားတဲ့ကလေးတွေက ဘာမှအပြစ်မရှိဘူးကွ ကြားလား၊ မင်းတို့နဲ့ငါနဲ့တွေမယ်။" 

စက်တင်ဘာ ၂၀ ရက်က အသက်မပြည်းသေးတဲ့လူငယ် ၃ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးလာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ယောက်ဖြစ်တဲ့ ဟန်သူထွန်း နဲ့ အောင်ပြည့်စုံတို့ကို ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းက ဖမ်းမိခဲ့တာလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

"မန္တလေးမှာ စစ်တပ်နဲ့ပေါင်းပြီး အသက်မပြည့်သေးတဲ့ကလေးတွေကို ပေါ်တာဆွဲနေလို့ဖမ်းတာ။ ဖမ်းတဲ့အချိန်ကလည်း ကောင်လေး ၃ ယောက်ကို လာခေါ်တဲ့အချိန်မိတာ။ မိတော့ စစ်မှုထမ်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်။ ဒါကို ပေါ်တာဆွဲဖမ်းဆီးခိုင်းတဲ့ စစ်တပ်က အရာရှိတွေက ရဲတွေကို ပြန်လွှတ်ပေးဖို့ ခြိမ်းခြောက်ဆဲဆိုတာပါ။” 

စစ်တပ်ဘက်က အဆိုပါလူငယ် ၃ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးတာမဟုတ်ဘဲ မိမိဆန္ဒအရ စစ်ထဲဝင်ချင်လို့ သွားရောက်ခေါ်ဆောင်တာဆိုပြီး ပြောထားပေမဲ့ ဖမ်းဆီးခံရတဲ့လူငယ် ၃ ယောက်က ငြင်းဆိုထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

"အခုခေတ်မှာ စစ်မှုမထမ်းချင်လို့ ရှောင်တိမ်းဗနတာ လူတိုင်းအသိပဲ။ ဒါကို ကလေး ၃ယောက်က စစ်ထဲဝင်ချင်လို့ လာခေါ်ပါလို့ ဖုန်းဆက်ပြောတယ်ဆိုတာ ဖြစ်နိုင်လား၊ မဖြစ်နိုင်လား စဥ်းစားကြည့်ပေါ့။” 

လတ်တလောမှာ ပြည်သူ့စစ်အဖွဲ့ဝင် ဟန်သူထွန်း နဲ့ အောင်ပြည့်စုံတို့ကို ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းက ပုဒ်မ ၃၅၆/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013