DVB Logo
Home
နိုင်ငံတကာ
ဥရောပအလှည့်ကျဥက္ကဋ္ဌ တာဝန် ပိုလန် စယူ၊ လုံခြုံရေးအဓိက ဦးစားပေးမည်
DVB
·
January 5, 2025
ဥရောပအလှည့်ကျဥက္ကဋ္ဌ တာဝန် ပိုလန် စယူ၊ လုံခြုံရေးအဓိက ဦးစားပေးမည်
Donate to DVB

ပိုလန်နိုင်ငံဟာ ဇန်နဝါရီ ၃ ရက်မှာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌနေရာမှာ စတင်တာဝန်ယူပြီး လုံခြုံရေးကို ပိုပြီး အာရုံစိုက်မှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ အမေရိကန်မှာ ဒေါ်နယ်ထရမ့်ပ် သမ္မတပြန်ဖြစ်မှာနဲ့ တရုတ်ကုန်သွယ်ရေး ကျဆင်းမှုအပါအဝင် ယူကရိန်း-ရုရှားစစ်ပွဲကြောင့် လုံခြုံရေးကို အာရုံစိုက်ရမှာပါ။

ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာက ယူကရိန်းကို ဆက်လံထောက်ပံ့မှာဖြစ်ပြီး ငြိမ်းချမ်းရေးအဒွန့်ရှည်ဖို့ အီးယူမှာ ခံစစ်က အဓိက ဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။ 

ပိုလန်ဟာ ဥရောပသမဂ္ဂကို ဦးဆောင်မယ့် ပေါ်လစီရှာနေသလို အထူးသဖြင့် လုံခြုံရေးကို အဓိက ဦးစားပေးမှာဖြစ်ပါတယ်။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တုစ်ခ်က ဥရောပမှာ နာမည်ကောင်းရထားတဲ့သူတယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံတွေဟာ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး ဘယ်လို တိုးတက်အောင်လုပ်မယ်၊ ငွေကြေးကုန်ကျမှုကို ကာကွယ်မလဲဆိုတာတာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်နဲ့ ရင်ဆိုင်ရမှာပါ။

သုံးသပ်သူတွေကတော့ ပိုလန်နိုင်ငံက အဲ့ဒီနေရာမှာ ဦးဆောင်ဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ ဥရောပရဲ့ စုပေါင်းလုံခြုံရေးနဲ့ ယူကရိန်းကို ပံ့ပိုးမှုတွေနဲ့ ပတ်သက်လို့ ဂျာမနီနိုင်ငံက ဦးဆောင်ဖွယ်ရှိတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဥရောပမှာ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ ဂျာမနီနိုင်ငံဟာ ဖေဖော်ဝါရီ ၂၃ ရွေးကောက်ပွဲအပြီးမှာ အီးယူကို အဓိက ဦးဆောင်ပေးမယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဂျာမနီရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်တွေ အနိုင်ရဖို့ ရေပန်းစားနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013