DVB Logo
Home
မြန်မာသတင်း
အချိုးကျရသည့် စားသုံးဆီကို ဆိုင်များက အနည်းငယ်သာ ပြန်ရောင်းပေး
DVB
·
January 3, 2025
အချိုးကျရသည့် စားသုံးဆီကို ဆိုင်များက အနည်းငယ်သာ ပြန်ရောင်းပေး
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ စားသုံးဆီကော်မတီက အချိုးကျဖြန့်ချိပေးတဲ့ စားသုံးဆီတွေကို ဈေးဆိုင်နဲ့ ဈေးတာဝန်ခံတွေက လက်ခံရရှိသလောက် ထုတ်မရောင်းပေးတာကြောင့် ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀‌၂၄ ဒီဇင်ဘာ ၃၁ ရက်  ကနေ  ၂၀၂၅ ဇန်နဝါရီ ၅ ရက်အထိ တပတ်အတွက် လက်ကားရည်ညွှန်းဈေးကိုတော့ စားသုံးဆီ တင်သွင်းဖြန့်ချိရေးဌာနက တပိဿာ ကျပ် ၇,၂၈၀ နဲ့ သတ်မှတ်ပေးထားပါတယ်။

ဆီဆိုင်တွေရဲ့ ပြန်လည်ရောင်းချ‌‌ဈေးက တပိဿာ ကျပ် ၈,၀၀၀ ဖြစ်ပေမဲ့ ရပ်ကွက်နေသူတွေက မိသားစုတစုအတွက် တပတ်တာကို စားအုန်းဆီ  ၅၀ ကျပ်သားသာ ရရှိပါတယ်။

မြို့ခံတယောက်က “ညပိုင်း ဆီပေပါလိုက် လာချရင် ၇ ပုံး၊ ၈ ပုံးလောက်လာတယ်။ နောက်မနက် သွားထုတ်ရင် ၅၀ သားတောင် မပေးချင်ဘူး။ ထုတ်တဲ့အချိန်က ၂ နာရီပဲရတယ်။ ကျော်သွားရင် လုံးဝမပေးဘူး။ အဲ့ဆိုင်ကပဲ ဆီမပေးတဲ့ရက် သွားဝယ်ရင် တပိဿာ ၁၁,၀၀၀၊ ၁၂,၀၀၀ ပေးရတယ်” လို့ ပြောပါတယ်။

ပြင်ပမှောင်ခိုပေါက်‌ဈေးမှာတော့ တပိဿာ ကျပ် ၁၂,၀၀၀ အထိ ဈေးမြင့်တက်နေပေမဲ့ နေ့စဉ် စားသောက်ရေးအတွက် ပြင်ပကပဲ ဈေးကြီးပေးဝယ်ယူနေရတယ်လို့ အိမ်ရှင်မတယောက်က ဆိုပါတယ်။

“ဆီက မရှိမဖြစ်လေ။ ဈေးမှာ မနက် ၄ နာရီလောက် သွားတန်းစီရင် တပတ်ကို တပိဿာရတယ်။ ဆိုင်တွေက ဆီမရှိဘူးဘဲ အော်နေတာ။ တပတ်ကို တကြိမ်ပဲရတာ။ အပြင်မှာ ၁၀,၀၀၀ ကျော်။ ပဲဆီဆိုရင် ၂၀,၀၀၀ ကျော်သွားပြီ။”

စားသုံးသူရေးရာဦးစီးဌာနနဲ့ ဆီကော်မတီတို့က ထုတ်ပြန်ချက်တခုမှာတော့ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း၊ မသမာမှု လုပ်ဆောင်မှုတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ တွေ့ရပါတယ်။

ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ကာ အခြေခံတွက်ချက်တာဖြစ်ပြီး စားသုံးသူတွေဟာ ပြင်ပပေါက်ဈေးအတိုင်း ဈေးကြီးပေးဝယ်နေကြရတာဟာ ကော်မတီဘက်က ထိန်းချုပ်ဖြန့်ချိမှုနဲ့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးတာတွေ မရှိတာကြောင့်လို့ သိရပါတယ်။

လက်လီရောင်းချမှုကို စားသုံးဆီ အရင်းဈေးနှုန်းရဲ့ အမြတ်‌ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည် အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ် ပေါင်းပြီးတဲ့ဈေးနဲ့သာ ရောင်းချဖို့ကို ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၄ ရက်ကတည်းက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013