
ဘရာဇီးလေတပ် (FAB) က စုံစမ်းစစ်ဆေးသူတွေဟာ ဒီဇင်ဘာလက ကာဇက်စတန်မှာ ပျက်ကျခဲ့တဲ့ အမ်းဘရိုင်ယာ လေယာဉ်က ပျံသန်းမှုမှတ်တမ်းတွေကို ခွဲခြမ်းစိတ်ဖြာနေ ပါတယ်။
ဘရာဇီးလေတပ် (FAB) ရဲ့ ဒေတာဖတ်ခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်း ဓာတ်ခွဲခန်းဟာ (လေယာဉ်ပျက်ကျတဲ့) ကာဇက်စတန်၊ (လေယာဉ်ပျံသန်းမှုရဲ့ မူလအစနဲ့ လေကြောင်းလိုင်းရဲ့ မူရင်းဇာတိဖြစ်တဲ့) အာဇာဘိုင်ဂျန်၊ (လေယာဉ်ရဲ့ နောက်ဆုံးဆိုက်ရောက်ရာ) ရုရှားတို့က နည်းပညာရှင်တွေနဲ့အတူ လေယာဉ်ရဲ့ မှတ်တမ်းတင်ဒေတာတွေက စကားဝှက်ဖော်တာကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဘရာဇီးလေတပ် ဓာတ်ပုံတွေထဲမှာ စုံစမ်းစစ်ဆေးသူတွေ အစည်းအဝေး လုပ်နေကြပုံတွေနဲ့ ပျက်ကျလေယာဉ်မှ အသံနဲ့ အချက်အလက် မှတ်တမ်းတင်စက်တွေကိုလည်း ပြသထားပါတယ်။
အမ်ဘရိုင်ယာ ဝမ်းနိုင်းဇီးရိုး လေယာဉ်ဟာ ဒီဇင်ဘာ ၂၅ ရက်က ကာဇက်စတန်နိုင်ငံ အာ့ခ်သ်တောင်းမြို့အနီးမှာ ပျက်ကျခဲ့ပြီး လူ ၃၈ ယောက် သေဆုံးခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ရုရှားနဲ့ အဇာဘိုင်ဂျန်ကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လေယာဉ်ကို ရုရှားတပ်ဖွဲ့တွေက မတော်တဆ ပစ်ချခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။
ရုရှားနိုင်ငံတောင်ပိုင်းမှာ ယူကရိန်းဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားမှာပဲ လေယာဉ်ပျက်ကျမှုလည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source : Reuters