DVB Logo
Home
အားကစား
ဟာလန်း၏ ဟတ်ထရစ်နှင့်အတူ နော်ဝေအသင်းက ကာဇက်စတန်ကိုနိုင်ပြီး နောက်တဆင့်တက်
DVB
·
November 18, 2024
ဟာလန်း၏ ဟတ်ထရစ်နှင့်အတူ နော်ဝေအသင်းက ကာဇက်စတန်ကိုနိုင်ပြီး နောက်တဆင့်တက်
Donate to DVB

နိုဝင်ဘာ ၁၇ ရက် မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ် B နောက်ဆုံးပွဲစဉ်မှာ နော်ဝေက တိုက်စစ်မှူး ဟာလန်းရဲ့ ဟတ်ထရစ် ၃ ဂိုးနဲ့အတူ ကာဇက်စတန်ကို ၅ ဂိုးပြတ်အနိုင်ရပြီး နောက်တဆင့် တက်သွားခဲ့ပါတယ်။

အုပ်စုပြိုင်ဘက် သြစတြီးယားအသင်းက ဆလိုဗေးနီးယားအသင်းနဲ့ တဖက် ၁ ဂိုးစီ သရေကျခဲ့တာကလည်း နော်ဝေအသင်းအတွက် နောက်တဆင့် တက်လှမ်းစေခဲ့တာပါ။

နော်ဝေအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၃၊ ၃၇ နဲ့ ၇၁ မိနစ်တွေမှာ ဟာလန်းက ၃ ဂိုးသွင်းခဲ့ပြီး ပွဲချိန် ၄၁ မိနစ်မှာ အက်သလက်တီကိုတိုက်စစ်မှူး ဆိုလော့က ၁ ဂိုး၊ လိုက်ပ်ဇစ်ကြယ်ပွင့် နူဆာက ၁ ဂိုး သွင်းယူခဲ့ကြတာပါ။

အုပ်စုဒုတိယသာရခဲ့တဲ့ မန်ယူနည်းပြဟောင်း ရက်ဖ်ရင်းနစ်ခ်ရဲ့ သြစတြီးယားအသင်းက နေးရှင်းလိဂ် A ဆီ တက်လှမ်းခွင့်အတွက် ခြေစစ်ပွဲ ဆက်လက်ကစားသွားရဦးမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013