DVB Logo
Home
နိုင်ငံတကာ
ကာဇက်စတန်၌ ကျင်းပသည့် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို ရှီကျင့်ဖျင်တက်
DVB
·
June 19, 2025
ကာဇက်စတန်၌ ကျင်းပသည့် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို ရှီကျင့်ဖျင်တက်
Donate to DVB

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကာဇက်စတန်နိုင်ငံမြို့တော် အဲ့စ်တာနာရှိ လွတ်လပ်ရေးနန်းတော်မှာ ဇူလိုင် ၁၇ ရက်က  ကျင်းပတဲ့ ဒုတိယအကြိမ် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

ကာဇက်သမ္မတ ကက်ဆင်မ်ယိုမတ်တိုကာယက်ဗ်က သဘာပတိအဖြစ် တည်ခင်းကျင်းပတဲ့  ထိပ်သီးအစည်းအဝေးကို ကာဂျစ်သမ္မတ ဆာဒီယာဂျာပါရော့ဗ်၊ တာဂျစ်သမ္မတ အီမိုမာလီ ရာမွန်၊ တာ့ခ်မင်သမ္မတ ဆာဒါဘာဒီမူဟာမက်ဒေါနဲ့ ဥဇဘက်သမ္မတ ရှက်ဗ်ကတ် မီယာဇီယိုယက်ဗ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ထိပ်သီးအစည်းအဝေးမဖွင့်မီ အလယ်အာရှ ၅ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ရှီကျင့်ဖျင်တို့ အုပ်စုလိုက် ဓာတ်ပုံ ရိုက်ကူးခဲ့ ပါတယ်။

ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံခေါင်းဆောင်တွေနဲ့ ရှီတို့ သီးခြားတွေ့ဆုံခဲ့ပြီး တနင်္လာနေ့မှာ ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကာဇက်သမ္မတရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတက အဲ့စ်တာနာမြို့တော်ကို တနင်္လာနေ့မှာ ရောက်လာတာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မေလလယ်မှာ ထိပ်တန်းပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင်ဟောင်းတွေကို လျှို့ဝှက်စုရုံးပြီး အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ Intelligence Online က ဇွန် ၁၈ ရက်မှာ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013