DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဒဏ်ရာရ ဘဝများအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း
DVB
·
January 2, 2025
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဒဏ်ရာရ ဘဝများအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း
Donate to DVB

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဇန်နဝါရီ ၁ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

“အသက်ကို မြတ်နိုးဖို့၊ ဒဏ်ရာရနေတဲ့ ဘဝကို ပြုစုစောင့်ရှောက်ဖို့ ကျနော်တို့ကို ဆော်ဩနေတယ်” လို့ စိန့်ပီတာ ဘုရားကျောင်းမှာ ဆုတောင်းနေချိန် ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

“ကျနော်တို့ဟာ ကမ္ဘာတဝန်းလုံးကို သန့်ရှင်းတဲ့ မယ်တော်မာရီဆီမှာ အပ်နှင်းထားလို့ နောက်ဆုံးမှာ ကမ္ဘာမြေပေါ်က လူမျိုးအားလုံးအတွက် ငြိမ်းချမ်းမှု ပေါက်ဖွားလာစေဖို့၊ မျှော်လင့်ချက်တွေ ပြန်လည်မွေးဖွားလာစေဖို့ အပ်နှင်းပါတယ်” လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းက မယ်တော်မာရီကို အသန့်ရှင်းဆုံးမိခင်အဖြစ် ဂုဏ်ပြုတဲ့နေ့မှာ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာဘုရားကျောင်းက ဝတ်ပြုဆုတောင်းပွဲမှာ မှတ်ချက်ပြု မိန့်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013