
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်က စစ်ကောင်စီပိုင် စက်ရုံတခုမှာ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ လောက်က ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲသံတွေဟာ ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Yangon Army က မိုင်း ၃ လုံးကို လက်ပစ်ဗုံးမှာကပ်ပြီး တိုက်ခိုက်ခဲ့ရာကနေ ထွက်ပေါ်လာတာပါ။
Yangon Army YA တာဝန်ရှိသူတယောက်က “ရွာမက အမှတ် ၃ သံမဏိစက်ရုံပါ။ ည ၁၁ နာရီ ၄၀ မှာ မိုင်းတွေကို လက်ပစ်ဗုံးနဲ့ကပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ် ပစ်မှတ်ကြီးတွေကိုလည်း ဆက်လက်ချေမှုန်းသွားပါမယ်” လို့ ပြောပါတယ်။
တော်လှန်ပြည်သူကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် စက်ရုံဂိတ်စောင့် စစ်ကောင်စီအဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပြီး အာဏာရှင် မပြုတ်ကျမချင်း တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
နှစ်သစ်ကူးအကြိုညမှာပဲ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံအုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာ ပကဖ တပ်ခွဲ ၂ က တိုက်ခိုက်ခဲ့ပါသေးတယ်။