DVB Logo
Home
မြန်မာသတင်း
အကျဉ်းသား၊ အကျဉ်းသူ  ၁၆၉ ဦးကို NUG လွတ်ငြိမ်းခွင့်ပေး
DVB
·
January 1, 2025
အကျဉ်းသား၊ အကျဉ်းသူ  ၁၆၉ ဦးကို NUG လွတ်ငြိမ်းခွင့်ပေး
Donate to DVB

နိုင်ငံတဝန်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေကြရတဲ့ အကျဉ်းသား/သူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တဲ့အကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုးထားပြီး ဇန်နဝါရီ ၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တာလို့ ဖော်ပြပါတယ်။

ဒါ့အပြင် အဆိုပါ အပိုဒ် ၁ မှာ အကျုံးမဝင်တဲ့ ကျန်အကျဉ်းသား/သူတွေကိုတော့ သူတို့  ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံ လျှော့ပေါ့ကျခံစေဖို့ ပြစ်ဒဏ်လွတ်ငြိမ်း သက် သာခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေဟာ ဘာအမှုနဲ့ အကျဉ်းကျနေတဲ့  ဘယ်သူတွေဆိုတာနဲ့ ဘယ်နေရာမှာ အကျဉ်းကျနေတာလဲဆိုတာကိုတော့ NUG ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013