DVB Logo
Home
မြန်မာသတင်း
လန်ဆယ်ဒေသတွင် KPF က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စတင်လုပ်ဆောင်
DVB
·
January 1, 2025
လန်ဆယ်ဒေသတွင် KPF က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စတင်လုပ်ဆောင်
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လန်ဆယ်ဒေသမှာ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (‌KPF) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို စတင်နေပြီလို့ သိရပါတယ်။

လန်ဆယ်ဒေသကို KIA၊ တပ်ပေါင်းစုနဲ့ KPF တို့က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး‌ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်း၀ယ်သူတွေနဲ့ သုံးစွဲသူတွေကို စတင်ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ KPF တပ်ဖွဲ့ အရာရှိတယောက်က‌ DVB ကို ပြောပါတယ်။

“လန်ဆယ်မှာ မူးယစ်ဆေး ဖြန့်‌ဖြူးရောင်းချသူများနဲ့ သုံးစွဲသူများကို စတင်ဖမ်းဆီးအရေးယူမယ်။ ဖမ်းဆီးတယ် ဆိုတာလည်း သူတို့ကောင်းစားဖို့ပါ။ ဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း လူကောင်းပြန်ဖြစ်လာအောင် ကူညီစောင့်ရှောက်သွားမှာပါ။ ဆက်ပြီးတော့လည်း ပူတာအိုဒေသမှာ မူး‌ယစ်ဆေးဝါး ကင်းစင်လာဖို့ အစွမ်းကုန်ကြိုးစားသွားမယ်။”

ခါကာဘို ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့အ‌‌နေနဲ့ လန်ဆယ်ဒေသမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်း စတင်နေပြီဖြစ်လို့ ပူတာအို‌ဒေသခံ မိဘပြည်သူတွေလည်း တတ်နိုင်သမျှ ပူးပေါင်းကြဖို့ KPF ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒီဇင်ဘာ ၃၁ ရက်မှာ အသိပေးထားပါတယ်။

လန်ဆယ်ဒေသကို ၂၀၂၄ ခုနှစ် နို၀င်ဘာ ၁၀ ရက်မှာ KIA၊ KPF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ဟာ ၂၀၁၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ပူတာအိုခရိုင် ကိုယ်စားပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013