DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ်အတွင်း အလုပ်သမားများ လစာဖြတ်ခံရမှုနှင့် အလုပ်ထုတ်ခံရမှု အများဆုံးရှိခဲ့  
DVB
·
January 1, 2025
၂၀၂၄ ခုနှစ်အတွင်း အလုပ်သမားများ လစာဖြတ်ခံရမှုနှင့် အလုပ်ထုတ်ခံရမှု အများဆုံးရှိခဲ့  
Donate to DVB

ပြည်တွင်းက စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေအနေနဲ့ ၂၀၂၄ ခုနှစ်မှာ လစာဖြတ်ခံရတာနဲ့ အလုပ်ထုတ်ခံရတဲ့ဖြစ်စဥ် အများဆုံးရှိခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။

STUM က ၂၀၂၄ အတွင်း ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တဲ့အမှု ၃၄၈ မှုရှိခဲ့ပြီး အလုပ်ထုတ်ခံရတာ ၇၄ မှု၊ လစာဖြတ်ခံရတာ ၉၁ မှုနဲ့ အများဆုံးရပ်တည်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ အတွင်း အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတာကို တားဆီးပိတ်ပင်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါ်တင်တင် တွေ့လာရတာဟာ အဲဒီနှစ်အတွက် ထူးခြားချက်ဖြစ်တယ်လို့ STUM တာဝန်ရှိသူတယောက်က ဆိုပါတယ်။

“သမဂ္ဂဖွဲ့စည်းဖို့ကို စက်ရုံဘက်ကအပြင် မြို့နယ်အလုပ်သမားရုံးတွေကပါ လက်မခံတာ တော်တော်တွေ့ရတယ်။ သမဂ္ဂဖွဲ့စည်းဖို့လုပ်တဲ့ အလုပ်သမားတွေ အလုပ်ထုတ်ခံရတာတွေလည်း ရှိခဲ့တယ်။ ဒီနှစ်ထဲမှာ ILO က လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်တယ်ဆိုပြီး မြန်မာနိုင်ငံကို အရေးယူဖို့ လုပ်နေချိန်မှာကို အောက်ခြေအလုပ်သမားရုံးတွေက အလေးမထားဘဲ ဆက်လက်ချိုးဖောက်နေတာ။”

အဲဒီလို အကူအညီတောင်းခံခဲ့တဲ့ အမှုတွေအနက် ၃၀၅ မှုကို ဖြေရှင်းပြီးစီးခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၁၃,၀၀၀ ကျော်ကို ငွေသားအကျိုးခံစားခွင့် ရရှိစေခဲ့ကာ ၄၃ မှုမှာ ဖြေရှင်းဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အငြင်းပွားမှု အများဆုံး ဖြစ်ပွားခဲ့တဲ့ စက်ရုံတွေမှာ GY Sen၊ Chu Yang၊ Golden Colour Fashion နဲ့ Kingsrich အထည်ချုပ်စက်ရုံတို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အလုပ်ထုတ်ပယ်ခံရလို့ တရားရုံးမှာ ဆက်လက်ရင်ဆိုင်နေရတဲ့ အမှု ၉ မှုမှာ ၂ မှု ဖြေရှင်းခဲ့ပြီး ၇ မှု ကျန်ရှိနေသေးတယ်လို့ STUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013