DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် အမျိုးသမီးများအပေါ်  အိမ်တွင်းအကြမ်းဖက်မှု ပိုများလာ 
DVB
·
December 31, 2024
ကရင်နီဒေသတွင် အမျိုးသမီးများအပေါ်  အိမ်တွင်းအကြမ်းဖက်မှု ပိုများလာ 
Donate to DVB

ကရင်နီဒေသက စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုမိုများပြားလာတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့  စစ်တမ်းတွေအရ သိရပါတယ်။ 

တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတဲ့ ကရင်နီဒေသမှာ စစ်ရှောင်ဦးရေလည်း တိုးလာပြီး စစ်ဘေးရှောင်ကာလ ကြာမြင့်လာတာနဲ့အတူ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံလာရတဲ့အခါ မိသားစုအတွင်း ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အခုနှစ်ထဲမှာ ၂ ဆတိုးလာသလို အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် တခြားသော အကြမ်းဖက်မှုတွေဟာလည်း  နှစ်စဉ် တိုးပွားလာနေပြီး အာဏာမသိမ်းခင်ကထက် ၂ ဆ ပိုများလာတယ်လို့  ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)  ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 

ကရင်နီအမျိုးသမီးအစည်းအရုံး ဒုဥက္ကဋ္ဌ မော်ဗျားမြာဦးက “အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်တာက အာဏာသိမ်းပြီးချိန်မှာ တော်တော်များလာတယ်။ တဖက်မှာကလည်း စစ်ရှောင်နေရတဲ့အခါ မိသားစုစားဝတ်နေရေး အဆင်မပြေတာတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိလာတယ်ပေါ့နော်”လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း အိမ်တွင်း အကြမ်းဖက်မှု ၄၅ မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၂၅ မှု၊ မုဒိမ်းမှု ၁၂ မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်စော်ကားမှု ၁၉ မှု၊ စုစုပေါင်း အမှုပေါင်း ၁၀၁ မှု ရှိခဲ့တယ်လို့ KNWO ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအချက်အလက်တွေဟာ KNWO ရဲ့ တွေ့ရှိချက်နဲ့ လာရောက်တိုင်ကြားမှုတွေအရသာဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့ KNWO က ဆိုပါတယ်။

ကိုယ့်အိမ်ကိုယ့်ရွာကို စွန့်ခွာထွက်ပြေးနေရပြီး အကျပ်အတည်းမျိုးစုံကြားက စစ်ရှောင်တွေဟာ ကျား၊ မ အခြေပြုအကြမ်းဖက်မှု GBVလို့ ခေါ်တဲ့ ကျား၊ မ မရွေး၊ လူမျိုးမရွေး ခံစားရနိုင်တဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထပ်ဆင့်ခံစားနေကြရပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “စားနပ်ရိက္ခာမရှိလို့ ရှာရမယ့်အချိန် မိသားစုထဲက ပြဿနာ စဖြစ်တာပေါ့။ သားသမီးအပြစ်မရှိလည်း သားသမီးကို ရိုက်တာတွေ တွေ့တယ်။ စားဝတ်နေရေး မဖူလုံတော့ လင်မယား ရန်ဖြစ်တယ်။ အလုပ်အကိုင်က တကယ့်လက်မဲ့။ လယ်လည်း သွားလုပ်လို့မရ၊ လယ်လည်း မရှိ၊ ယာလည်း မရှိတော့သူတွေလည်း အများကြီးရှိတယ်ကော။ အဲဒီလိုဖြစ်နေတော့ တော်တော်တော့ ခက်ခဲသွားတယ်။ လိုက်ချေးလို့ရတာတော့ လိုက်ချေးတာပေါ့နော်၊ လိုက်ချေးလို့မရတော့ အိမ်မှာပဲ ရန်ပြန်ဖြစ်ကြရတာပေါ့”လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ ကရင်နီပြည်နယ်ထဲမှာ စစ်အာဏာသိမ်းပြီးမှ စစ်ဘေးတိမ်းရှောင်ရသူပေါင်း ၂ သိန်းဝန်းကျင်ရှိနေပါတယ်။ 

ဒါဟာ ကရင်နီပြည်နယ်လူဦးရေရဲ့ တဝက်ကျော်အထိဖြစ်နေတယ်လို့ စစ်ရှောင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာတင်မဟုတ်ဘဲ အဲဒီကာလကြာရှည်စခန်းတွေမှာပါ ရှိနေတာလို့  KNWO က ထုတ်ပြန်ထားပါတယ်။

နှင်းနှင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013