DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း ကမ်းခြေများတွင် လာရောက်လည်ပတ်သူ များပြားနေ
DVB
·
December 31, 2024
ဧရာဝတီတိုင်း ကမ်းခြေများတွင် လာရောက်လည်ပတ်သူ များပြားနေ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ငွေဆောင်၊ ချောင်းသာနဲ့ ရွှေသောင်ယံ ကမ်းခြေကို ဒီဇင်ဘာပိတ်ရက်အတွင်း လာရောက်လည်ပတ်အပန်းဖြေသူတွေ များနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိ ရွှေသောင်ယံ၊ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေမှာ လာရောက်လည်ပတ် အပန်းဖြေသူတွေ များနေတာကြောင့် ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းတွေအားလုံး ပြည့်တဲ့အထိ ဖြစ်နေပြီလို့ သိရပါတယ်။

ဒေသခံဟိုတယ်လုပ်ငန်းရှင်တယောက်က “ကမ်းခြေ ၃ ခုစလုံးမှာ အရင်လတွေကထက် ခရီးသွားတွေ များနေတယ်။ လာရောက်လည်ပတ်နေတဲ့ ခရီသွားတွေထဲမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက အများဆုံးလာခဲ့တာ တွေ့ရပါတယ်။ ကမ်းခြေကိုလာတဲ့ ခရီးသွားတွေထဲမှာ ညအိပ် လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေလည်း ရှိတယ်၊ နေ့ချင်းပြန်လာတဲ့သူတွေလည်း ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ သက်ဆိုင်ရာက လုပ်ငန်းလိုင်စင်ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံးရေ ၁၂၀ ရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသတွေမှာ ၄၆ လုံး၊ ငွေဆောင်မှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံမှာ ၃၉ လုံးအထိ ရှိတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဧည့်သည်မျှော်တာပေါ့နော်၊ ဧည့်သည်လာရင် ဒေသလုပ်ငန်းတွေ အဆင်ပြေလို့လေ။ ကမ်းခြေရဲ့တဘက်မှာ တိုက်ပွဲတွေဖြစ်နေတော့ ကျောတော့ချမ်းတာပေါ့။ ခရစ္စမတ် နောက်ပိုင်းခရီးသွားတွေ ပြန်လည်များပြားလာတာပါ။ အခု လာလည်ပတ်နေတဲ့ ခရီးသွားတွေရဲ့ သုံးပုံနှစ်ပုံလောက်က ပြည်တွင်းခရီးသွားတွေနဲ့ ပြည့်နေတာ။ ခရီးသွားဝင်ရောက်မှု များလာမယ်ဆိုရင် ဒီဒေသတွေမှာ ရောင်းချနေကြတဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေလည်း ဝင်ငွေရမှာပေါ့” လို့ ပြောပါတယ်။

လက်ရှိ ကမ်းခြေတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လက်နက်အပြည့်နဲ့ လုံခြုံရေးယူထားသလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ရခိုင်ဘက်ကလာတဲ့သူမှန်သမျှကိုတော့ ဝင်ခွင့်မပေးဘူးလို့ သိရပါတယ်။

ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံ ကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်တွေနဲ့ ဆက်စပ်ပြီး ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ သစ်တော ဦးစီးဌာနတွေက ဆင်စခန်းတွေနဲ့ပေါင်းစပ်ကာ မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စတဲ့ စိတ်ဝင်စားစရာ နေရာတွေကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲဒီကမ်းခြေတွေမှာ ဒေသခံတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပင်လယ်စာအမျိုးအမျိုးနဲ့ လက်ဆောင်ပစ္စည်းအမျိုးမျိုးကို ဆိုင်ခန်းတွေ ဖွင့်လှစ် ရောင်းချပေးနေပြီး မြင်းစီး အပန်းဖြေချင်သူတွေ၊ မော်တော်ဘုတ်စီး အပန်းဖြေတာတွေ၊ ဘောကွင်းစီး အပန်းဖြေချင်သူတွေအတွက် စီစဉ်ထားပါတယ်။

Photo: MG

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013