DVB Logo
Home
နိုင်ငံတကာ
ဂျော်ဂျီယာသမ္မတသစ် ကျမ်းကျိန်၊ လက်ရှိသမ္မတ ထွက်ရန်ငြင်းဆန်
DVB
·
December 30, 2024
ဂျော်ဂျီယာသမ္မတသစ် ကျမ်းကျိန်၊ လက်ရှိသမ္မတ ထွက်ရန်ငြင်းဆန်
Donate to DVB

ဂျော်ဂျီယာနိုင်ငံ မြို့တော် တီဘလီဆီမှာ အာဏာရပါတီဘက်က သမ္မတသစ်  မီခေးလ် ကာဗယ်လက်ရှ်ဗီလီဟာ ဒီဇင်ဘာ ၂၉ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲ ပြုလုပ်နေချိန်မှာ လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

ဂျော်ဂျီယာအစိုးရက ဥရောပသမဂ္ဂဝင်ခွင့် လျှောက်ထားမှုကို ရပ်ဆိုင်းထားချိန် နိုင်ငံအတွက် အရေးပါတဲ့ကာလမှာ သမ္မတနေရာ အပြောင်းအလဲဖြစ်ခဲ့တာပါ။
Georgian Dream ပါတီဟာ အောက်တိုဘာလ ပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

သက်တမ်းစေ့သွားတဲ့ သမ္မတ စလိုမီ ဇူရာဘစ်ရှ်ဗီလီက တနင်္ဂနွေနေ့မှာ ရာထူးကထွက်ဖို့ ငြင်းဆန်ခဲ့ပြီး သူသာ “တဦးတည်းသော တရားဝင်သမ္မတ” လို့ ဆိုခဲ့ပါတယ်။
အပြင်မှာစုဝေးနေတဲ့ လူအုပ်ကို မိန့်ခွန်းပြောကြားရာမှာ သူက သမ္မတအိမ်တော်ကနေ ထွက်ခွာမယ်လို့ ပြောခဲ့ပေမဲ့ သူ့နောက်ဆက်ခံမယ့်သူဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။

သမ္မတအိမ်တော်နဲ့ မလှမ်းမကမ်းမှာတော့ မိနစ်အနည်းငယ်အကွာမှာ ဘောလုံးသမားဟောင်း တယောက်လည်းဖြစ်တဲ့ သမ္မတသစ် ကာဗယ်လက်ရှ်ဗီလီဟာ ပါလီမန်ထဲမှာ တံခါးပိတ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပခဲ့ပါတယ်။
ဂျော်ဂျီယာရဲ့ အဓိက အတိုက်အခံအုပ်စု ၄ ခုစလုံးက ကာဗယ်လက်ရှ်ဗီလီကို လက်မခံဘဲ ပါလီမန်ကို သပိတ်မှောက်ခဲ့ကြပါတယ်။

Georgian Dream ပါတီဟာ မကြာသေးတဲ့နှစ်တွေအတွင်း ပိုအာဏာရှင်ဆန်လာခဲ့ပြီး နိုင်ငံခြားထောက်ပံ့ငွေရယူတဲ့ မီဒီယာနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ ရုရှားပုံစံ ဥပဒေတွေနဲ့ LGBT အသိုင်းအဝိုင်းကို ပစ်မှတ်ထားတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက အပြည့်အဝ ကျူးကျော်ပြီးနောက် အနောက်နိုင်ငံတွေရဲ့ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

EU နဲ့ NATO ထဲဝင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောနေပေမဲ့ အနောက်နိုင်ငံတွေကို ‘ကမ္ဘာ့စစ်ပါတီ’ လို့ ခေါ်ဆိုခဲ့ပြီး ရုရှားဘက် ပိုနီးကပ်လာခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013