DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်က လေကြောင်းဗုံးကြဲသဖြင့် အာဖဂန်တွင် လူ ၅၁ ဦးထက်မနည်း သေဆုံး
DVB
·
December 29, 2024
ပါကစ္စတန်က လေကြောင်းဗုံးကြဲသဖြင့် အာဖဂန်တွင် လူ ၅၁ ဦးထက်မနည်း သေဆုံး
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ဖတ်တီခါ ပြည်နယ်ကို အင်္ဂါနေ့ညက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခံခဲ့ရအပြီး အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့တဲ့အတွက် ပါကစ္စတန်အစိုးရကို အာဖဂန်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ 

တိုက်ခိုက်မှုတွေအတွင်း လူ ၅၁ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလို့လည်း ပြောပါတယ်။

တိုက်ခိုက်မှုတွေဟာ အာဖဂန်နစ္စတန်နဲ့နယ်စပ်က စစ်သွေးကြွတွေ ခိုအောင်းနေတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဖတ်တီခါ ပြည်နယ် ဘာမယ်လ်ခရိုင်ထဲက ရွာအများအပြားရှိရာ နေရာ ၄ ခုကို ပါကစ္စတန် လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အာဖဂန်နစ္စတန်ရဲ့ နယ်စပ်ရေးရာနဲ့ လူမျိုးစုရေးရာ ယာယီဝန်ကြီး အဟာဂျီမူလာ နိုရူးလား နိုးရီက လေကြောင်းတိုက်ခိုက်မှုအပြီး စုံစမ်းစစ်ဆေးဖို့ ဘာမယ်လ် ခရိုင်ဆီ သောကြာနေ့က ရောက်သွားခဲ့ပါတယ်။

သေဆုံးသူအားလုံးက ဒုက္ခသည်တွေနဲ့ အရပ်သားတွေလို့ သူကပြောပြီး ဧရိယာကို လေ့လာကြည့်ခြင်းအားဖြင့် ပါကစ္စတန်အခြေစိုက် တာလီဘန် TTP အဖွဲ့ဝင်တွေမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်လို့လည်း သူက ပြောပါတယ်။

ဗုံးတွေ အပြင်းအထန်ပေါက်ကွဲလို့ ရုပ်အလောင်း ၃ လောင်းပဲ ရရှိထားပြီး ကျန်အလောင်းတွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေတုန်းပဲလို့ ဒေသခံ ဝါကီလ်ခန်းက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်တာခံရတဲ့နေ့မှာ အာဖဂန်နစ္စတန်ဆိုင်ရာ ပါကစ္စတန် အထူးသံတမန် ဆာဒစ်ခ် ခန်းဟာ မြို့တော်ကဘူးလ်မှာ ရှိနေတာပါ။ 

သံတမန်ရေးရာအရ ဆက်ပြီးကြိုးပမ်းနေပေမယ့် ဘာမာလ်ခရိုင် တိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်အတွက် ဖြစ်နိုင်ခြေရှိတဲ့အကျိုးဆက်တွေကို အာဖဂန် အိမ်စောင့်အစိုးရက သတိပေးခဲ့ပြီး ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013