DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူများ ပြည်နှင်ဒဏ်ခံရမည်ကို ကြောက်ရွံ့
DVB
·
December 29, 2024
မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူများ ပြည်နှင်ဒဏ်ခံရမည်ကို ကြောက်ရွံ့
Donate to DVB

အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းဝင်ရောက်မှု လျော့ကျစေတဲ့ ဗျူဟာကို မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးပြောဆိုနေချိန်မှာပဲ မက္ကဆီကိုရှိ မြောက်ဘက်ကို ဦးတည်သွားနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပြည်နှင်ဒဏ်ခံရမှာကို စိုးရိမ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ 

မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး ဟွမ်န်ရာမွန်ဒယ်လာဖွှန်တေက“မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်းလောက် သိသိသာသာ လျော့ကျသွားလို့ ဒါက အလုပ်ဖြစ်တဲ့ မော်ဒယ်ပုံစံတခုလို့ ထင်မြင်ပြီး ပိုမိုကောင်းမွန်အောင် လုပ်နိုင်ကြောင်းနဲ့ ဒါပေမဲ့ ဒီဖြစ်စဉ်အတွက် ကျေနပ်လောက်စရာ တုံ့ပြန်မှုတခုပါ။ ဒီအတိုင်း ဆက်လုပ်သွားမယ်”လို့ သောကြာနေ့ မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နလ်ထရမ့်ပ်က မက္ကဆီကိုနယ်စပ်မှာ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေကို မတားဆီးပေးရင် အခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်လိုက်တာကြောင့် မက္ကဆီကို အာဏာပိုင်တွေဟာ အောက်တိုဘာလကတည်းက မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေဟာ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၇၅,၀၀၀ လောက်ကို ထိန်းသိမ်းထားကြောင်း ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။ 

အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အကြား ရွှေ့ပြောင်းနေထိုင်သူ ၁ သန်းခွဲနီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အခုနှစ်ကုန်ပိုင်းမှာ ဆောင်ရွက်မှုတွေ ပိုမိုပြင်းထန်လာမယ်လို့ အကြံပြုထားပါတယ်။ နှစ်အစပိုင်းကတည်းက ရွှေ့ပြောင်းနေထိုင်သူ ၉ သိန်းလောက်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အစိုးရက အခုလအစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီရလဒ်တွေဟာ မက္ကဆီကိုမှတဆင့် ဖြတ်သန်းသွားလာမှုကို လျှော့ချဖို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိုင်းဘောင်းမ် ရဲ့ ကတိကဝတ်တွေနဲ့ ကိုက်ညီနေပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူများအရေး လှုပ်ရှားသူတွေကတော့ ရွှေ့ပြောင်းဝင်ရောက်မှု လျှော့ချရေး ဗျူဟာဟာ ရွှေ့ပြောင်းသူတွေကို အရှိန်လျော့ကျစေပြီး နောက်ထပ် ကြိုးစားခြင်းကနေ တားဆီးဖို့အတွက် အစိုးရရဲ့ ဖမ်းဆီးမှုနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တောင်ပိုင်းစွန်းမှာ သွားလွှတ်ခြင်းတွေကို ဝေဖန်ခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013