DVB Logo
Home
နိုင်ငံတကာ
အစ္စရေးနိုင်ငံရှိ ဘန်ဂူရီအွန်းလေဆိပ်ကို ပစ်မှတ်ထားပြီး ဟူသီသူပုန် ဒုံးကျည်ဖြင့်တိုက်ခိုက် 
DVB
·
December 29, 2024
အစ္စရေးနိုင်ငံရှိ ဘန်ဂူရီအွန်းလေဆိပ်ကို ပစ်မှတ်ထားပြီး ဟူသီသူပုန် ဒုံးကျည်ဖြင့်တိုက်ခိုက် 
Donate to DVB

ယီမင်မှ ဟူသီလက်နက်ကိုင်တပ်ဖွဲ့ဟာ အသံထက်မြန်တဲ့ ဒုံးကျည်ကို အသုံးပြုပြီး  အစ္စရေးနိုင်ငံရှိ ဘန်ဂူရီအွန်းလေဆိပ်မှာ စစ်ဆင်ရေးတရပ်ကို ပြုလုပ်ခဲ့ကြောင်း ဟူသီအဖွဲ့ရဲ့ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီး က ဒီဇင်ဘာ ၂၇ ရက် ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။ 

တဲလ်အဗစ်မြို့ဆင်ခြေဖုံးရှိ လေဆိပ်ကိုတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ‘ပါလက်စတိုင်း-တူး’ အမည်ရှိ ဒုံးကျည်ဟာ သူ့ရဲ့ပစ်မှတ်ကို အောင်အောင်မြင်မြင် ရောက်ရှိခဲ့ပြီးတော့ အသေအပျောက် များခဲ့ကြောင်း ယာယျာဆာရီး က ပြောကြားခဲ့ပြီး လေဆိပ်မှာလည်း လေကြောင်းပြလုပ်ငန်းစဉ် ရပ်ဆိုင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးကိုလည်း အချက်အလက်တွေကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

အစ္စရေး မီဒီယာတွေကတော့ ဒေသအာဏာပိုင်တွေကို ကိုးကားပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ ညအချိန် ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုကို အောင်မြင်စွာ ပစ်ချပြနိုင်ခဲ့ပြီး လေဆိပ်မှာ ဘာထိခိုက်မှုမှ မဖြစ်ကြောင်း အစီရင်ခံပါတယ်။ 

ဘန်ဂူရီအွန်းလေဆိပ်မှာ လေယာဉ်ဆိုက်ရောက်မှုကို မိနစ် ၃၀ ကြာ ရပ်နားထားခဲ့ကြောင်းလည်း သိရပါတယ်။ ဒီဇင်ဘာ ၂၈ ရက် စနေနေ့အစောပိုင်းက ဂျေရုဆလင်မှာ သတိပေးဥသြသံတွေ ကြားနေရတဲ့ ဗွီဒီယိုကို ပြသခဲ့ပြီး အစ္စရေးစစ်တပ်က ဒါဟာ ယီမင်မှ ဒုံးကျည်ပစ်ခတ်မှုကြောင့်လို့ ပြောပါတယ်။

အစ္စရေးကို မရောက်လာခင်မှာ ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားပြီးတော့ ဂျေရုဆလင်မြို့နဲ့ ပင်လယ်သေဒေသမှာ ဥဩသံတွေ ထွက်ပေါ်လာကြောင်းလည်း ဆိုပါတယ်။ 

အခုတကြိမ် ဒရုန်းကို အသုံးပြုပြီး နောက်ထပ် တိုက်ခိုက်မှုဟာ တဲလ်အဗစ်မြို့ရှိ အတိအကျ မသတ်မှတ်ထားတဲ့ ပစ်မှတ်တခုဆီကို ပစ်မှတ်ထားနေကြောင်း ယာယျာဆာရီးက ပြောပါတယ်။ 

ဆိုကိုထရာကျွန်းအရှေ့ဘက် အာရေဘီယန်ပင်လယ်ရှိ ဆန်တာအာဆူလာ သင်္ဘောကို ပစ်မှတ်ထားပြီး ဒရုန်းအများအပြားနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ တိုက်ရိုက် ထိမှန်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။ 

ခြေရာခံဝက်ဘ်ဆိုက်တွေရဲ့ အဆိုအရ ဒိန်းမတ်အလံတင် သင်္ဘောဟာ အိမ်နီးချင်း ယီမင်နိုင်ငံရှိ ဆလာလား ဆိပ်ကမ်းမှာ သောကြာနေ့ မနက်မှာ ဆိုက်ကပ်ခဲ့ပါတယ်။ 

ဟူသီတွေဟာ ဂါဇာစစ်ပွဲ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဂါဇာရှိ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွှတ်ကြောင်း ပြသတဲ့ လုပ်ရပ်တွေအဖြစ် အစ္စရေးဘက်ကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို အကြိမ်ကြိမ် ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013