DVB Logo
Home
မြန်မာသတင်း
ချောက်တွင် စစ်တပ်က PDF စခန်း ၂ ခုကို မီးရှို့၊ ကျောင်းသား ၁ ဦးနှင့် ပြည်သူများကို ဖမ်းသွား
DVB
·
December 29, 2024
ချောက်တွင် စစ်တပ်က PDF စခန်း ၂ ခုကို မီးရှို့၊ ကျောင်းသား ၁ ဦးနှင့် ပြည်သူများကို ဖမ်းသွား
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့နယ်က PDF စခန်း ၂ ခုနဲ့ လူနေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၂၇ ရက် မနက်စောပိုင်းမှာ မီးရှို့ဖျက်ဆီးသွားသလို ၉ တန်းကျောင်းသား ၁ ယောက် အပါအဝင် ပြည်သူတချို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Chauk Revolution Army ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကံသစ်ကုန်းနားမှာရှိတဲ့ ကျနော်တို့စခန်း ၁ ခုနဲ့ ကုန်းကြီး-နရွဲတောလမ်းပေါ်က ကျနော်တို့အဖွဲ့ရဲ့ စစ်ဆေးရေးဂိတ် ၁ ခုကို ဝင်စီးပြီး မီးရှို့ခံလိုက်ရပါတယ်။ ကံသစ်ကုန်းရွာနဲ့ နရွဲတောရွာတွေက လူနေအိမ် ၅ လုံးလည်း မီးလောင်ပျက်စီးသွားတယ်ဗျ” လို့ ပြောပါတယ်။

စစ်​ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးခံရတာကြောင့် ကံသစ်ကုန်းကျေးရွာက လူနေအိမ် ၃ လုံး၊ နရွဲတောကျေးရွာက လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့သလို မီးရှို့ခံလိုက်ရတဲ့ PDF စခန်းဟာလည်း ဆုံးရှုံးမှုများတယ်လို့ ဆိုပါတယ်။

Chauk Revolution Army (CRA) တာဝန်ခံ ကိုဘုန်းကြီး က “သူတို့စစ်ကြောင်းမှာ အင်အား ၁၀၀ လောက်ပါတယ်။ ကံသစ်ကုန်းရွာဘက်ကိုဝင်လာတော့ ကျနော်တို့ဘက်က ဟန့်တား တိုက်ခိုက်ခဲ့ပါသေးတယ်။ နှစ်ဖက်တိုက်ပွဲ ၁ နာရီလောက်ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဒါပေမယ့် အင်အားမမျှလို့ ကျနော်တို့ဆုတ်ပေးလိုက်တော့ ကျနော်တို့စခန်းရယ်၊ ဂိတ်ရယ်နဲ့ အရပ်သားလူနေအိမ်တွေကို မီးရှို့သွားကြတာပါ။ ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် သူတို့ဘက်ကတော့ ထမ်းခေါ်သွားရတဲ့သူတွေများတယ်လို့ သိရတယ်။ ကံသစ်ကုန်းရွာက ၉ တန်းကျောင်းသား မောင်မင်းခန့် နဲ့ ပြည်သူတချို့ကိုလည်း လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ်။ ချောက် ခလရ ၁၃ ထဲကို ခေါ်သွားတယ်လို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

Chauk Revolution Army စခန်းမီးရှို့ဖျက်ဆီးခံရတဲ့အတွက် ဆုံးရှုံးမှုပမာဏများပြီး အသေးစိတ်ကို အတိအကျမသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ညပိုင်းမှာလည်း ချောက်မြို့နယ်အတွင်းက နရွဲတောကျေးရွာအုပ်စု၊ ကတိုင်ကျေးရွာကို စီးနင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ကားနဲ့သယ်သွားသလို ဒေသခံရွာသားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013