DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား လေယာဉ် မတော်တဆဖြစ်၊ လူ ၄၇ ဦးထက်မနည်း သေဆုံး
DVB
·
December 29, 2024
တောင်ကိုရီးယား လေယာဉ် မတော်တဆဖြစ်၊ လူ ၄၇ ဦးထက်မနည်း သေဆုံး
Donate to DVB

ဒီဇင်ဘာ ၂၉ ရက် ဒီနေ့ မနက်ပိုင်းမှာ လူ ၁၈၁ ယောက် လိုက်ပါလာတဲ့ လေယာဉ်တစင်းဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းက လေဆိပ်ကို ဆင်းသက်တဲ့အချိန် ဘီးမကျဘဲ ပြေးလမ်းချော်ပြီး နံရံကို တိုက်မိခဲ့တဲ့အတွက် လူ ၄၇ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ ယွန်ဟပ်သတင်းက ဖော်ပြပါတယ်။ 

ဒေသခံမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုတွေအရ လေယာဉ်ဆင်းသက်ရာမှာ လေယာဉ်ဘီး မချနိုင်ဘဲ လမ်းချော်ထွက်သွားပြီး လမ်းအဆုံးက နံရံကို ဝင်တိုက်မိလို့ မီးလောင် ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ခရီးသည် ၁၇၅ ယောက်နဲ့ လေယာဉ်အမှုထမ်း ၆ ယောက် လိုက်ပါလာတဲ့ ဂျေဂျူအဲယားလိုင်း ၇ စီ ၂၂၁၆ ခရီးစဉ်ဟာ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း မူအန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်တုန်း မတော်တဆဖြစ်ခဲ့တာပါ။

မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတယောက်ရဲ့ အဆိုအရ လူ ၂ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ရုပ်အလောင်း ၃၃ ခုထက်မနည်းကို ရထားတယ်လို့ မီးသတ်တပ်ဖွဲ့က ရိုက်တာကို အတည်ပြု ပြောပြီး နောက်ထပ်ကျန်နေသေးတယ်လို့လည်း ဆိုပါတယ်။

လေဆိပ်တာဝန်ရှိသူတယောက်ကတော့ လေယာဉ်ရဲ့နောက်ပိုင်းမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

မကြာသေးခင်က နိုင်ငံရေးအကျပ်အတည်းကြားမှာ ယာယီသမ္မတဟောင်း စွဲချက်တင်ခံရပြီးနောက် ၃ ရက်အကြာမှာ ယာယီသမ္မတအဖြစ် ခန့်အပ်ခံရတဲ့ ချွိုင်ဆန်းမော့က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ အပြည့်အဝဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ 

ဂျေဂျူအဲယားလိုင်း ပြောရေးဆိုခွင့်ရှိသူကတော့ သတင်းတွေကို စိစစ်နေဆဲဖြစ်ကြောင်း ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013