DVB Logo
Home
နိုင်ငံတကာ
ဆိုမာလီယာတွင် အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်သစ်ကို ကုလ အတည်ပြု
DVB
·
December 28, 2024
ဆိုမာလီယာတွင် အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်သစ်ကို ကုလ အတည်ပြု
Donate to DVB

ဆိုမာလီယာနိုင်ငံမှာ အာဖရိကသမဂ္ဂထောက်ပံ့မှုနဲ့ တည်ငြိမ်ရေးမစ်ရှင်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး စတင်ခွင့်ပြုဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မှာ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် အမေရိကန်ကကြားနေခဲ့ပြီး ၁၄ နိုင်ငံက အတည်ပြုပေးခဲ့တာပါ။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အာဖရိကသမဂ္ဂနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ATMIS ကူးပြောင်းရေးမစ်ရှင်နေရာမှာ AUSSOM တည်ငြိမ်ရေးမစ်ရှင်နဲ့ အစားထိုးဖို့ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ 

အာဖရိကသမဂ္ဂကူးပြောင်းရေးမစ်ရှင်ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး အဲဒီနေရာမှာ AUSSOM မစ်ရှင်ကို နှစ်သစ်မှာ စတင်အသုံးပြုမှာ ဖြစ်ပါတယ်။ 

AUSSOM မစ်ရှင်ဟာ အကြမ်းဖက်မှုတွေကို တားဆီးဖို့ကြိုးစားမယ်ဖြစ်ပြီး ဆိုမာလီယာမှာရှိတဲ့ နိုင်ငံသားတွေကို အကူအညီပေးသွားမှာဖြစ်ပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆိုမာလီယာနိုင်ငံရဲ့ လုံခြုံမှုနဲ့ တည်ငြိမ်ရေးအပေါ် ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆန်းက ပြောပါတယ်။ 

တရုတ်နိုင်ငံဟာ အာဖရိကသမဂ္ဂကိုထောက်ခံပြီး ငြိမ်းချမ်ရေးထိန်းသိမ်းမှု မစ်ရှင်အသစ်အတွက် ကူးပြောင်းရေးအစီအစဉ်ကို အသုံးပြုဖို့ ဆိုမာလီအစိုးရကိုလည်း ထောက်ခံတဲ့အကြောင်း ဆန်းက ပြောပါတယ်။ 

ဒီအဆိုပြုချက်ကို ဗြိတိန်နိုင်ငံက ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပြီး ဗြိတိန်သံအမတ် ဂျိမ်းကာရီယူကီက ဒီဖြေရှင်းချက်က ဆိုမာလီယာအရေးမှာ ကောင်စီရဲ့ အင်ပြည့်အားပြည့် ပံ့ပိုးမှုဖြစ်တယ်လို့ ဆိုပါတယ်။ 

အယ်ရှာဘတ်ကို တိုက်ဖျက်ဖို့ ဆိုမာလီယာကို ကူညီဖို့၊ ဆိုမာလီယာရဲ့ တည်ငြိမ်ရေးကြိုးပမ်းမှုကို အားဖြည့်ပေးဖို့နဲ့ လူသားခြင်း စာနာတဲ့အကူအညီပေးဖို့ AUSSOM ကို အခွင့်အာဏာပေးထားတာဖြစ်ကြောင်း ကာရီယူကီက ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013