DVB Logo
Home
နိုင်ငံတကာ
ဆိုမာလီယာတွင် ကလေးငယ်များ ငတ်မွတ်မှုမြင့်တက်ပြီး အာဟာရပြတ်လပ်နေ
DVB
·
August 12, 2026
Photo: REUTERS/Feisal Omar
Photo: REUTERS/Feisal Omar
Donate to DVB

ဆိုမာလီယာ အနောက်တောင်ပိုင်း၊ ဘိုင်ဒိုအာမြို့က ရွှေ့ပြောင်းမိသားစုတွေအကြား ကျန်းမာရေးစောင့်ရှောက်မှုကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) နဲ့ ဆိုမာလီယာ ကျန်းမာရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ပေးနေပါတယ်။

အိမ်ထောင်စု ၈၈၈ စုကို စစ်တမ်းကောက်ယူခဲ့ပြီး ကလေး ၂ ယောက်မှာ တယောက်က အာဟာရချို့တဲ့နေပြီး ကလေး ၄ ယောက်မှာ အနည်းဆုံး တယောက်က အာဟာရချို့တဲ့မှုကို အပြင်းအထန် ခံစားနေရတာတွေ့ခဲ့တယ်လို့ ဘိုင်ဒိုအာ စီမံကိန်း ဆေးဘက်ဆိုင်ရာ ရည်ညွှန်းသူ အီဆာ မိုဟာမက်က ပြောပါတယ်။

Bay ဒေသန္တရဆေးရုံမှာ ကလေးတွေက အာဟာရချို့တဲ့မှုနဲ့ ဆက်စပ်ပြဿနာတွေအတွက် ဆေးကုခံနေရပြီး မိဘတွေက လူပြည့်ကျပ်နေတဲ့ ခုတင်တွေဘေးမှာ စောင့်ကြည့်နေကြပါတယ်။

မကြာသေးမီလတွေအတွင်း ဆေးရုံတက် ကလေးလူနာ သိသိသာသာ မြင့်တက်လာတယ်လို့ MSF က ပြောပါတယ်။

ဆေးရုံရဲ့ အတွင်းလူနာ ကုထုံးဆိုင်ရာ အစာကျွေးရေးဌာနကို ခုတင် ၅၀ ကနေ ခုတင် ၁၅၀ အထိ တိုးချဲ့ခဲ့တယ်လို့လည်း အစ်ဆာ မိုဟာမဒ်က ပြောပါတယ်။

ဒီဌာနမှာ ဒီနှစ်အထိ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေး အခြေအနေ ရှုပ်ထွေးနေတဲ့ ကလေး ၃,၀၀၀ နီးပါးကို ကုသပေးခဲ့ပြီးပြီလို့ MSF က ပြောပါတယ်။

ဆေးရုံတွေဟာ အခြေအနေ ပြင်းထန်ဆိုးရွားနေပြီး တိုးပွားလာတဲ့ လူနာအရေအတွက်ကို ကိုင်တွယ်ဖြေရှင်းဖို့ ရုန်းကန်နေရတယ်လို့ သြဂုတ် ၁၁ ရက်က နိုင်ရိုဘီမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ MSF ကျန်းမာရေးအကြံပေး ဒေါက်တာ မစ်ချယ် ဆန်မာက ပြောပါတယ်။

ဆေးရုံဆင်းခွင့်ရတဲ့ ကလေးအမြောက်အမြားဟာ အစားအစာနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရှားပါးတဲ့ ပတ်ဝန်းကျင်ဆီ ပြန်ရောက်သွားကြပြီး အခြေအနေ ဆိုးရွားလာတဲ့အခါ ဆေးရုံက ပြန်လက်ခံထားရတယ်လို့ သူက ဖြည့်စွက်ပြောပြပါတယ်။

MSF ရဲ့ ဘိုင်ဒိုအာ ပရောဂျက်ညှိနှိုင်းရေးမှူး အီဘရာဟင်မ် အလီ ကတော့ စခန်းတွေဆီ ရောက်လာတဲ့ မိသားစု အများအပြားဟာ မိုးခေါင်မှုကြောင့် ရွှေ့ပြောင်းခံခဲ့ရပြီး ရေရှားပါးမှုနဲ့ ရင်ဆိုင် ရုန်းကန်နေရတယ်လို့ ပြောပါတယ်။

အလှူရှင်တွေရဲ့ ထောက်ပံ့မှု လျော့နည်းလာလို့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းဟာ ပိုဆိုးရွားလာနေပြီး အာဟာရချို့တဲ့မှုနှုန်း ဆက်မြင့်တက်နေလို့ ၂၀၂၂ ခုနှစ် ဆိုမာလီယာ အငတ်ဘေးနီးပါး ထပ်ဖြစ်လာမှာကို MSF က စိုးရိမ်နေပါတယ်။

၂၀၂၂ ခုနှစ် မိုးခေါင်ရေရှားမှု အကျပ်အတည်းမှာ ထောက်ပံ့ပေးခဲ့တဲ့ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံနဲ့ နှိုင်းယှဉ်ရင် ဆိုမာလီယာအတွက် အလှူရှင်ရန်ပုံငွေ ဒေါ်လာသန်း ၃၀၀ လောက်သာ လက်ရှိမှာ ရနိုင်တယ်လို့လည်း MSF က ပြောပါတယ်။

ဆိုမာလီရဲ့ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေကို အခုနှစ်မှာ သိသိသာသာ လျှော့ချခဲ့တာပါ။

အာဟာရအစီအစဉ်တွေနဲ့ တခြား အသက်ကယ်ဝန်ဆောင်မှုတွေအတွက် အထောက်အပံ့တွေ ပြန်ပေးဖို့ မိုဟာမက်က အလှူရှင်တွေကို တိုက်တွန်းခဲ့ပြီး ပိုအားကောင်းကောင်း မတုံ့ပြန်ရင် အားနည်းတဲ့ မိသားစုတွေဟာ ပိုဆိုးရွားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013