
ပြင်းထန်တဲ့ မုတ်သုံရာသီကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာလူမှုအသိုက်အဝန်းကို လူသားချင်း စာနာထောက်ထားမှု စီမံကိန်းအရ ဆေးဝါးနဲ့ အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၄၆ တန် ကူညီပို့ဆောင်ပေးတယ်လို့ ဥရောပသမဂ္ဂ (EU) က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်ရချိန် ဆေးဝါးနဲ့ အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေဟာ ကလေးသူငယ်တွေနဲ့ မိသားစုအတွက် အသက်ကယ်တင်ပေးနိုင်တဲ့ မရှိမဖြစ် အထောက်အပံ့တွေ ဖြစ်ပါတယ်။
ပေးအပ်လိုက်တဲ့ အကူအညီတွေဟာ ရေကြီးရေလျှံမှု၊ နေရပ်စွန့်ခွာရမှုနဲ့ ရောဂါဘေး ကြုံတွေ့နေရမှု တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ပြည်သူတွေ လိုအပ်ချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပံ့ပိုးပေးနိုင်မှာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
EU ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲနဲ့ EU အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်၊ ယူနီဆက်ဖ်မြန်မာ နဲ့အတူ အဆိုပါ ထောက်ပံ့ရေးပစ္စည်းတွေကို အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
EU အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ အစဉ်အမြဲ ရပ်တည်လျက်ရှိကြောင်း ပြောပါတယ်။
Source - https://www.facebook.com/share/p/1Hw8bwJr6g/ S











