
IFFHS က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် တနှစ်တာ အကောင်းဆုံးအသင်းမှာ ရီးရဲလ်မက်ဒရစ် ကစားသမားအများဆုံး ပါဝင်လာခဲ့ပါတယ်။
IFFHS လို့ခေါ်ကြတဲ့ နိုင်ငံတကာသမိုင်းနဲ့ စာရင်းအင်းအချက်အလက် အဖွဲ့ချုပ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းကို နှစ်စဉ် ရွေးချယ်ခဲ့တာပါ။
၂၀၂၄ ခုနှစ် တနှစ်တာအကောင်းဆုံးအသင်းမှာ ချန်ပီယံလိဂ်နဲ့ လာလီဂါ ချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ ရီးရဲလ်ကစားသမား ၅ ယောက် အထိပါဝင်ခဲ့တာပါ။
ဂိုးသမားနေရာမှာ ပရီးမီးယားလိဂ်က ဗီလာဂိုးသမား မာတီနက်ဇ်၊ ခံစစ်လေးယောက်တန်းမှာ ရီးရဲလ်က ကာဗာဟယ်နဲ့ရူဒီဂါ၊ မန်စီးတီးက ရူဘင်ဒီယက်ဇ်နဲ့ ဘိုင်ယန်က အယ်ဖွန်ဆိုဒေးဗီးစ်တို့ ပါဝင်ပါတယ်။
ကွင်းလယ်နေရာမှာ ရီးရဲလ်က ဘယ်လင်ဂမ်နဲ့ တိုနီခရူးစ်၊ မန်စီးတီးက ရိုဒရီ၊ တိုက်စစ်ပိုင်းမှာ မန်စီးတီးကဟာလန်း၊ ရီးရဲလ်က ဗင်နီဆီးယက်နဲ့ ဘာစီလိုနာက ရာမယ်တို့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။










