DVB Logo
Home
နိုင်ငံတကာ
အာဇာဘိုင်ဂျန်လေယာဉ် ရုရှားလေကြောင်းကာကွယ်ရေးစနစ်ကြောင့် ပျက်ကျခဲ့ခြင်းဖြစ် 
DVB
·
December 27, 2024
အာဇာဘိုင်ဂျန်လေယာဉ် ရုရှားလေကြောင်းကာကွယ်ရေးစနစ်ကြောင့် ပျက်ကျခဲ့ခြင်းဖြစ် 
Donate to DVB

ကာဇက်စတန်နိုင်ငံမှာ ခရစ္စမတ်နေ့က လူ ၃၈ ယောက် သေဆုံးခဲ့တဲ့ အာဇာဘိုင်ဂျန် လေကြောင်းပိုင် လေယာဉ်ပျက်ကျမှုဟာ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် ဖြစ်တယ်လို့  အာဇာဘိုင်ဂျန် သတင်းရင်းမြစ် ၄ ခုက ရိုက်တာသတင်းဌာနကို ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

ရုရှား၊ အာဇာဘိုင်ဂျန်နဲ့  ကာဇက်စတန် တာဝန်ရှိသူတွေက လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့  တောင်းဆိုထားပါတယ်။

ရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့ကတော့ ငှက်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်တဲ့ အရေးပေါ်အခြေအနေ ဖြစ်တယ်လို့ အစပိုင်းမှာ ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုနဲ့ ပဏာမရလဒ်တွေအရ အမ်းဘရိုင်းယာ ခရီးသည်တင် လေယာဉ်ဟာ ရုရှား Pantsir-S လေကြောင်းရန်ကာကွယ်ရေးစနစ် ထိမှန်ခဲ့ပြီး ဂရော့ဇ်ညီမြို့ထဲကို ချဉ်းကပ်ချိန်မှာ အီလက်ထရွန်နစ် စစ်ရေးပံ့ပိုးမှုစနစ်တွေကြောင့် ဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေးနဲ့ နီးစပ်တဲ့ အာဇာဘိုင်ဂျန် သတင်းရင်းမြစ်တခုက ပြောပါတယ်။

အာဇာဘိုင်ဂျန် လေကြောင်းလိုင်း ခရီးစဉ်အမှတ် J2-8243 ဟာ အာဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှ ရုရှားနိုင်ငံ ချေချင်းညာဒေသ ဂရော့ဇ်ညီမြို့ကို မိုင်ရာနဲ့ချီ ပျံသန်းလာခဲ့ပြီး ကက်စ်ပီယန်ပင်လယ်ရဲ့ တဖက်ကမ်းမှာ ပျက်ကျခဲ့တာပါ။

မော်စကိုဟာ လတ်တလောလတွေအတွင်း ယူကရိန်းဒရုန်းတွေကို တိုက်ခိုက်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အသုံးပြုနေတာဖြစ်ပြီး လေယာဉ်အမှတ် J2-8243 ဟာ ရုရှားနိုင်ငံကနေ လမ်းကြောင်းပြောင်းပြီးနောက် ကာဇက်စတန်နိုင်ငံ အာ့ခ်တောင်းမြို့အနီးမှာ ပျက်ကျခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ပင်လယ်ကိုဖြတ်ကူးရတဲ့ အကြောင်းရင်းကို ရှင်းပြခြင်းမရှိပေမဲ့ အခုလအတွင်း ချေချင်းညာကို ယူကရိန်း ဒရုန်းတိုက်ခိုက်မှု ပေါ်လာပြီးနောက်မှာ လေယာဉ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပျံသန်းမှုလမ်းကြောင်းပေါ်ရှိ အနီးဆုံး ရုရှားလေဆိပ်ကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ပိတ်ထားခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒေသအများအပြားမှာ ယူကရိန်းဒရုန်း ၅၉ စင်း ပစ်ချခံရကြောင်း ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013