DVB Logo
Home
မြန်မာသတင်း
စမ်းချောင်းအုပ်ချုပ်ရေးမှူးအား ပစ်ခတ်သူ ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်
DVB
·
December 27, 2024
စမ်းချောင်းအုပ်ချုပ်ရေးမှူးအား ပစ်ခတ်သူ ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနက်က ဟုမ်းလမ်းဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေ သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ပစ်ခတ်သူတွေကို အဲဒီညမှပဲ ဖမ်းမိတယ်ဆိုပြီ Free Land Attack Force (FLA) အဖွဲ့ဝင်တွေလို့ဆိုတဲ့ လူငယ်အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ရဲ့ ဓာတ်ပုံတွေနဲ့ ထုတ်ပြန်လာတာပါ။

အခုလို စွပ်စွဲဖမ်းခံရတဲ့ လူငယ်  ၂ ယောက်ဟာ အမှန်တကယ် ပစ်ခတ်မှု ကျူးလွန်သူတွေ ဟုတ်မဟုတ် အတည်မပြုနိုင်သေးသလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Free Land Attack Force (FLA) အဖွဲ့ကလည်း တစုံတရာ ထုတ်ပြန်တာ မတွေ့ရပါဘူး။

အလားတူ ပစ်ခတ်မှုတွေဖြစ်ပွားတိုင်း စစ်ကောင်စီတပ်တွေဟာ တွေ့ရာကြုံရာ လူငယ်တွေကို ဖမ်းဆီးပြီး တရားခံအဖြစ် ထုတ်ပြန်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013