DVB Logo
Home
မြန်မာသတင်း
TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါး
DVB
·
December 26, 2024
TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါး
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ နေရပ်ပြန်လည်နေထိုင်နေသူတွေနဲ့  ပြန်စည်ကားစပြုနေပြီ ဖြစ်ပေမဲ့ အလုပ်အကိုင် အခွင့်အလမ်းတော့ ရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့ဟာ မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိပြီး အခုနှစ်ဆန်းပိုင်းက TNLA က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာပါ။

စစ်မဖြစ်ခင်က ကွတ်ခိုင်မှာ အလုပ်အကိုင်တွေ အတန်အသင့် ကောင်းခဲ့ပေမဲ့ လက်ရှိမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့ကို TNLA က ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ အခုနှစ် ဩဂုတ်လဆန်းပိုင်းက ကွတ်ခိုင်မြို့ မြို့မဈေးနဲ့ မြို့ပေါ်နေရာတချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၆ ယောက် သေဆုံးပြီး ဆိုင်ခန်း ၄၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ အဲဒီနောက် လေကြောင်းတိုက်ခိုက်မှု ရပ်နေခဲ့ပါတယ်။

ဒါပေမဲ့  ဒီနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာတော့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ TNLA တပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ပါသေးတယ်။

ဒီလပိုင်းအတွင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ မလုပ်ပေမဲ့လည်း လေကြောင်းရန်ကိုတော့ စိုးရိမ်နေဆဲဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကွတ်ခိုင်မြို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ၁ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၉၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

အဲထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၂၄ မြို့နယ်ကို ညီနောင်မဟာမိတ်တပ်တွေက ထိန်းချုပ်ထားပါတယ်။

ခွန်ဇော်ဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013