DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့နှင့် အနီးတဝိုက် တိုက်ပွဲ ဆက်ပြင်းထန်
DVB
·
December 26, 2024
ဗန်းမော်မြို့နှင့် အနီးတဝိုက် တိုက်ပွဲ ဆက်ပြင်းထန်
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့နဲ့ အနီးတဝိုက်ကို ထိုးစစ်ဆင်နေတာ ၃ ပတ်လောက်ရှိလာပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ညအထိ နောက်ဆုံးအခြေအနေအရ ဗန်းမော် ခ.လ.ရ ၄၇ ရဲ့ ကာကင်းစခန်းတွေ ဖြစ်တဲ့ ဖန်ခါးကုန်းဂိတ်စခန်း၊ ညောင်ပင်သာစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်တပ်စခန်းတွေကို အနီးကပ် ထိုးစစ်ဆင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“စကစ ၂၁ ပတ်ဝန်းကျင်မှာတော့ လက်နက်ကြီးပစ်သံ၊ ပစ်သံတွေ ကြားရတယ်။ နမ့်ဖားတက္ကသိုလ်ဘက်ခြမ်းမှာ ဆိုရင်လည်း အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။ ဗန်းမော် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်လည်း သိမ်းတော့ မသိမ်းနိုင်သေးဘူး။ ဆက်ပြီးတော့ ပစ်နေကြတုန်းပဲ။ ဗန်းမော်နဲ့ မိုးမောက်ကြားက ၃ မိုင် ၄ မိုင် အဲ့ဘက်က စစ်ဆေးရုံရှိတဲ့ဘက် ထောက်ပို့တပ်ဘက်မှာလည်း ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။ မနေ့က နည်းပညာတက္ကသိုလ် အနောက်ဘက်ခြမ်းတွေ၊ ထောက်ပို့တပ် အနောက်ဘက်ခြမ်းတွေမှာရှိတဲ့ ကာကင်းတချို့ကိုလည်း သိမ်းရတယ်ဆိုပြီး သိရတယ်။ အဲ့ဘက်တကျောကလည်း တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေတုန်းပဲ။ မံစီဘက်ကနေ ဗန်းမော်အဝင်ဖြစ်တဲ့ ခမရ ၄၇ အဲ့ပတ်ဝန်းကျင်လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။”

စစ်ကောင်စီဘက်ကတော့ စခန်းလက်မလွှတ်ရရေးအတွက် နေ့ရော ညပါ Y12 လေယာဉ် ဂျက်ဖိုက်တာတို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၄ ရက်ကတည်း မံစီမြို့နယ်နဲ့ ဗန်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်က စစ်မျက်နှာ ၄ ခုဖွင့် ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်ပါတယ်။

မနေ့ည နောက်ဆုံးသိရှိထားတဲ့ အခြေအနေအရ မံစီမြို့နယ်ဘက်မှာလည်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းတွေ ဖြစ်တဲ့ ခ.မ.ရ ၃၁၉ နဲ့ ခ.မ.ရ ၆၀၁ တို့ကိုလည်း ထိုးစစ်ဆင်နေဆဲ ဖြစ်တယ်လို့  ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့က ဒီဇင်ဘာ ၂၅ ည အချိန်ထိဆိုရင် မံစီဘက်က ၆၀၁ နဲ့ ၃၁၉ အဲ့တပ်စခန်းတွေကတော့ မရသေးဘူး။ သိရသလောက်ဆိုရင် ၆၀၁ တပ်စခန်းကို တဝက်လောက်ဝင်ပြီး တိုက်ခိုက်နေတယ်လို့ သိရတယ်။”

KIA နဲ့ ပူးပေါင်းတပ်တွေ ဗန်းမော်မြို့ကို ထိုးစစ်ဆင်ချိန်မှာပဲ ဒေသခံ သောင်းနဲ့ချီ ကုန်းလမ်း၊ ရေကြောင်းလမ်းတွေကတဆင့် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲအတွင်း ဒေသခံတချို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေသလို မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ ရှိနေပြီး ဖုန်းလိုင်း အင်တာနက်လိုင်း အခက်အခဲကြောင့် အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013