DVB Logo
Home
နိုင်ငံတကာ
မိုဇမ်ဘစ်တွင် အကျဉ်းထောင် အဓိကရုဏ်းဖြစ်ပြီး ၃၃ ဦး သေဆုံး၊ ထောင်သား ၁,၅၀၀ ခန့် လွတ်မြောက်
DVB
·
December 26, 2024
မိုဇမ်ဘစ်တွင် အကျဉ်းထောင် အဓိကရုဏ်းဖြစ်ပြီး ၃၃ ဦး သေဆုံး၊ ထောင်သား ၁,၅၀၀ ခန့် လွတ်မြောက်
Donate to DVB

မိုဇမ်ဘစ်နိုင်ငံ မြို့တော် မာပုတိုမှာ အကျဉ်းထောင်တွင်း အဓိကရုဏ်းကြောင့် လူ ၃၃ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရဲ့ ရဲဗိုလ်ချုပ် ဘရ်နာဒီနို ရာဖဲလ်က ဒီဇင်ဘာ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလရဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ ဆက်နွှယ်နေတဲ့ ပြည်တွင်း မငြိမ်မသက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အကျဉ်းထောင်အပြင်ဘက်က ဆန္ဒပြပွဲတွေကြောင့် အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်နေတာလို့လည်း ရဲဗိုလ်ချုပ် ရာဖဲလ်က အပြစ်တင်ခဲ့ပါတယ်။

ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှာ အဖျက်အမှောင့် ဆန္ဒပြအုပ်စုတဖွဲ့က အကျဉ်းထောင် အနီးတဝိုက်ကို ချဉ်းကပ်လာခဲ့ပြီး ဆူဆူညံညံ ဆန္ဒပြသံတွေနဲ့ လာနှောင့်ယှက်ပြီး ပြစ်ဒဏ်ကျခံနေကြတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ရဲဗိုလ်ချုပ် ရာဖဲလ်က မီဒီယာတွေ့ဆုံပွဲမှာ ပြောပါတယ်။

ဆန္ဒပြသူတွေက အကျဉ်းခန်း အကျဉ်းထောင်ကနေ ခေါ်ထုတ်သွားခဲ့ကြလို့ အကျဉ်းသား ၁,၅၃၄ ယောက်လောက် ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်းလည်း ဆိုပါတယ်။

ဗဟိုအကျဉ်းထောင် အနီးတဝိုက်မှာ အကျဉ်းသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ကြရာမှာ ၃၃ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အမည်တွေကိုတော့ မသိရသေးပါဘူး။

နောက်ဆက်တွဲ ရှာဖွေရေးလုပ်ငန်းတွေမှာတော့ အကျဉ်းသား ၁၅၀ ကို ပြန်ဖမ်းနိုင်ခဲ့ပြီး လောလောဆယ် ရဲစခန်း အတော်များများမှာ ချုပ်ထားတယ်လို့လည်း ရာဖဲလ်က ပြောပါတယ်။

တခြားအကျဉ်းထောင် ၂ ခုမှာလည်း ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ကြောင်း ရာဖဲလ်က ပြောဆိုပါတယ်။

နိုင်ငံတွင်းမှာ ရာဇဝတ်မှု ကြီးကြီးမားမား ကျူးလွန်ခဲ့တဲ့ အကျဉ်းသားတွေ လွတ်မြောက်သွားပြီးနောက်မှာ လာမယ့် နာရီ ၄၀ ဒါမှမဟုတ် ၄၈ နာရီအတွင်း မြို့တော် မာပုတိုမှာ မှုခင်းတွေ တိုးလာလိမ့်မယ်လို့ ယူဆထားပြီး ဖောက်ထွင်းမှု၊ မုဒိမ်းမှု၊ ကားခိုးမှု၊ လက်နက်ကိုင် လုယက်မှု၊ ပြန်ပေးဆွဲမှုတွေ တိုးလာလိမ့်ဦးမယ်လို့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။

တရားရေးဝန်ကြီး ဟယ်လန်နာ ကီဒါ ကတော့ မငြိမ်သက်မှုတွေဟာ အကျဉ်းထောင်အတွင်းမှာပဲ စတင်ခဲ့ပြီး ပြင်ပက ဆန္ဒပြမှုတွေနဲ့ မသက်ဆိုင်ကြောင်း ဒေသတွင်း ပုဂ္ဂလိက ရုပ်သံလွှင့်ဌာန မီရာမာ တီဗီကို ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်က မိုဇမ်ဘစ် ထိပ်တန်းတရားရုံးဟာ သက်တမ်းရှည် အာဏာရပါတီ ဖရီလီမိုက ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း အတည်ပြု ကြေညာချက်ကြောင့် မဲမသမာမှုတွေ ရှိခဲ့ကြောင်း ပြောနေကြတဲ့ အတိုက်အခံအဖွဲ့တွေနဲ့ ထောက်ခံသူတွေက တနိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013