DVB Logo
Home
မြန်မာသတင်း
ခရစ္စမတ်နေ့အထိမ်းအမှတ် စစ်ရှောင်ပြည်သူများအတွက် အားကစားပြိုင်ပွဲကျင်းပ
DVB
·
December 26, 2024
ခရစ္စမတ်နေ့အထိမ်းအမှတ် စစ်ရှောင်ပြည်သူများအတွက် အားကစားပြိုင်ပွဲကျင်းပ
1 / 5
Donate to DVB

မြန်မာနိုင်ငံကနေ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေ စိတ်ဖိစီးမှုလျှော့ကျစေဖို့  ပြေးခုန်ပစ် အားကစားပြိုင်ပွဲတရပ်ကို ထိုင်းနိုင်ငံအတွင်းက လွတ်မြောက်နယ်မြေတခုမှာ ခရစ္စမတ်နေ့  ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေ၊ စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာသူတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ရောက်ရှိလာသူတွေ စိတ်ဖိစီးမှု လျော့ကျစေဖို့နဲ့ ကျန်းမာကြံ့ခိုင်စေဖို့ ရည်ရွယ်ပြီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ပြုလုပ်ပေးခဲ့တာလို့ ပွဲစီစဉ်သူက ပြောပါတယ်။

“ခရစ္စမတ်​နေ့လည်းဖြစ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ဖြေဖျောက်စေနိုင်ဖို့ အသက် ၆ နှစ်ကနေ အသက် ၅၀ ကျော်ရှိတဲ့သူတွေကို ဖိတ်ခေါ်ပြီး ကျင်းပပေးခဲ့တာဖြစ်တယ်။”

နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေကို စိတ်ခွန်အားပေးမှုအနေနဲ့ အာလူးကောက်၊ ပီနံအိတ်ခြေထောက်စွပ်၊ ပြေးခုန်ပစ်၊ မုန့်စားပြိုင်ပွဲအတွင်း ဆုချီးမြှင့်ရာမှာ ပထမဆု ဘတ် ၅၀၀၊ ဒုတိယဆု ဘတ် ၃၀၀ နဲ့ တတိယဆု ဘတ် ၂၀၀ ဆီ ပေးအပ်ခဲ့ပြီး စားသောက်စရာအဖြစ် ခေါက်ဆွဲကြော်၊ အသားကင်၊ ကြာဇံကြော်တွေနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013